ဆဋ္ဌမ အသုတ် ရိုဟင်ဂျာ ၄၀၀၀ ကျော် ဘာဆန်ချာကျွန်း ပို့ဖို့ စီစဉ်

မှတ်တမ်းဓါတ်ပုံ ၂၀၂၁ ဇန်နဝါရီတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhashan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။

(Zawgyi/Unicode)

ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazar က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေထဲက ဒုက္ခသည် ၄၀၀၀ ကျော်ကို ဆဋ္ဌမမြောက် အသုတ်အဖြစ် Bhasan Char ကျွန်းကို မတ်လ ၃၀ အင်္ဂါနေ့မှာ ပို့ဆောင်နေပြီ ဖြစ်ပါတယ်။

Ukhiya နဲ့ Teknaf မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ဒုက္ခသည်တွေထဲက ဘာဆန်ချာကျွန်းကို ကိုယ့်ဆန္ဒအလျှောက် ပြောင်းရွှေ့ချင်သူတွေကို Ukhiya ကောလိပ်ဝင်းထဲ ၊ မီနီဘတ်စ်တွေနဲ့ ပို့ပေးနေတာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရသတင်းကို ကိုးကားပြီး VOA ဘင်္ဂါလာဌာနက ပြောပါတယ်။

Cox’s Bazar မှာရှိတဲ့ ဘာလုခါလီ ဒုက္ခသည်စခန်းမှာတော့ ပြီးခဲ့တဲ့ တနင်္လာနေ့က မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး အဲဒီက မီးဘေးသင့် ဒုက္ခသည် ၄၈,၀၀၀ အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ UNHCR အဖွဲ့က ကယ်ဆယ်ရေးနဲ့ ဆေးပစ္စည်းတွေ ဖြန့်ဝေပေးနေပါတယ်။

ဒါ့အပြင် ဒီဒုက္ခသည်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကုလသမဂ္ဂက ဆောင်ရွက်နေကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က အင်္ဂါနေ့ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အဖွဲ့က ဒီဒုက္ခသည်တွေဘေးကင်းရေးနဲ့ လုံခြုံရေးအတွက် စောင့်ကြည့်နေသလို မီးလောင်စဉ် မိသားစုနဲ့ ကွဲသွားတဲ့ ကလေးငယ်တွေရဲ့ လိုအပ်ချက်တွေ အတွက်ပါ ပြောကြားဆောင်ရွက်နေကြောင်း” ပြောသွားတာပါ။

၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု နောက်ပိုင်း ရိုဟင်ဂျာ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရတာဖြစ်ပြီး ဒီအထဲက တချို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ရေလွှမ်းနိုင်တဲ့ ဘာဆန်ချာကျွန်းပေါ်ကို ပို့နေတာကြောင့် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူမယ်လို့ ပြောထားပေမယ့် အခုထိ မလုပ်ဆောင်နိုင်သေးပါဘူး။

Your browser doesn’t support HTML5

ဆဋ္ဌမ အသုတ် ရိုဟင်ဂျာ ၄၀၀၀ ကျော် ဘာဆန်ချာကျွန်း ပို့ဖို့ စီစဉ်


............


(Unicode)





