မြန်မာမှာ မြေရှားသတ္တုတူးဖော်ခွင့် ကန့်သတ်ချက်ကြောင့် ဈေးတက်မှာ လုပ်ငန်းရှင်တွေစိုးရိမ်

ကချင်ပြည်နယ်က မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင် ယခင်မှတ်တမ်းဓာတ်ပုံ။

မြန်မာနိုင်ငံဘက်က မြေရှားသတ္တုတူးဖေါ်ခွင့်ပိတ်ပင်ထားပြီး နောက်ထပ် ကုန်ကြမ်းတွေ မတင်ပို့နိုင်တဲ့အတွက် ကမ္ဘာ့မြေရှားသတ္တု ဈေးတက်သွားနိုင်တဲ့အကြောင်း လုပ်ငန်းရှင်တွေ ခန့်မှန်းထားတာကို Global Times သတင်းစာမှာ ရေးပါတယ်။

ကမ္ဘာ့ဈေးကွက်ကိုတင်ပို့တဲ့ မြေရှားသတ္တု ၅၀ ရာခိုင်နှုန်းကျော်ဟာ မြန်မာနိုင်ငံကထွက်တာ ဖြစ်ပါတယ်။ မြေရှားသတ္တုဆိုတာဟာ စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေကအစ လျှပ်စစ်ကားအထိ ခေတ်သစ်နည်းပညာနဲ့ လူသုံး လျှပ်စစ်ပစ္စည်းတွေနဲ့ စစ်လက်နက်ပစ္စည်းတွေမှာအသုံးပြုတဲ့ သတ္တု ဓာတ် ၁၇ မျိုး အုပ်စုဝင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံကထွက်တဲ့ မြေရှားသတ္တုတွေကို တရုတ်နိုင်ငံက ဝယ်ယူပြီး ကမ္ဘာဈေးကွက်ကို တင်ပို့ရောင်းချပါတယ်။

ကချင်ပြည်နယ် ချီဖွေမြို့နယ်ထဲက ပန်ဝါဒေသမှာ မြေရှားမိုင်းတွင်းတွေကို စက်တင်ဘာလဆန်း ကတည်းက ပိတ်သိမ်းထားပြီး ပြန်လည်တူးဖော်ခွင့်မရတဲ့အကြောင်း ဒေသခံ သတ္တုတွင်း လုပ်ငန်းရှင်တွေက VOA ကို ပြောထားပါတယ်။ သတ္တုတူးဖော်တဲ့နေရာ ၃၀၀ ကျော်မှာ ကျပန်း စစ်ဆေးပြီးနောက် ဘယ်အချိန်မှာ ပြန်လည်စတင်ခွင့်ပြုမယ်ဆိုတာကို အသိပေးမထားသေးဘူး လို့လည်း မြန်မာသတ္တုတူးဖော်ရေးကုမ္ပဏီ (၃) ခုရဲ့ ပြောဆိုချက်ကို ကိုးကားပြီး လုပ်ငန်းရှင်တွေက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ဒီနှစ် ဇန္နဝါရီလကနေ စက်တင်ဘာလာအတွင်း မြန်မာနိုင်ငံက မြေရှားသတ္တု Oxides တန်ချိန် သုံးသောင်းတထောင် (၃၁,၀၀၀) တင်သွင်းခဲ့ကြောင်းလည်း The Global Times သတင်းစာမှာ ရေးသားထားပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံမှာ မြေရှားသတ္တု တူးဖော်ခွင့် ကန့်သတ်ချက်ကြောင့် ဈေးတက်မှာ လုပ်ငန်းရှင်တွေစိုးရိမ်