မန္တလေး မီးရထားဝန်ထမ်းဆန္ဒပြပွဲ ပစ်ခတ်နှိမ်နင်းခံရ 

ဆန္ဒပြ မန္တလေး မီးရထားဝန်ထမ်းများကို ရဲများက နှိမ်နင်းနေ (ဓါတ်ပုံ- Reuters)

(Zawgyi/Unicode)

မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးမားဆုံး မြို့ဖြစ်တဲ့ မန္တလေးမြို့မှာ ဗုဒ္ဓဟူးနေ့ ညပိုင်း အမှောင်ကျချိန်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ် သံမျိုးစုံကို ကြားကြရပါတယ်။

မန္တလေးမြို့မှာ CDM လှုပ်ရှားမှုနဲ့ သပိတ်မှောက်နေတဲ့ မီးရထား ဝန်ထမ်းတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေမီးရထားဝင်းထဲထိပ်တိုက်တွေ့တဲ့ အချိန်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါဇင်နဲ့ ချီတဲ့ ပစ်ခတ်သံတွေကို ကြားကြတွေ ကြားကြရတာပါ။ အဲဒီ ပစ်ခတ်မှုတွေထဲ ဒေသခံ ပရဟိတ ဝန်ထမ်းတစ်ဦးကို ထိပြီး ပေါင်မှာ ဒဏ်ရာရသွားကြောင်းနဲ့ ရာဘာကျည် ဖြစ်ပုံရကြောင်း ဒေသခံတစ်ဦးကို ကိုးကားပြီး ရိုက်တာ သတင်းက ပြောပါတယ်။

တာဝန်ရှိ စစ်တပ်ကရော ရဲအဖွဲ့ကပါ ဒီ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ချက်ချင်း ဝေဖန်ချက် မပေးပေမဲ့ မြန်မာနိုင်ငံတစ်ဝှမ်း ပြည်သူတွေ အိပ်ရေးမပျက်အောင်နဲ့ စိတ်အေးချမ်းသာစွာ နေနိုင်အောင် လုံခြုံရေး ပံပိုးပေးနေတယ်လို့ တပ်မတော်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားကြောင်း ရိုက်တာ သတင်းက ပြောပါတယ်။

Your browser doesn’t support HTML5

မန္တလေး မီးရထားဝန်ထမ်းဆန္ဒပြပွဲ ပစ်ခတ်နှိမ်နင်းခံရ


.........

(Unicode)




