(Zawgyi / Unicode)
NCA အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေထဲက အဖွဲ့ ၅ ဖွဲ့ဟာ မြန်မာစစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မယ်လို့ သိရပါတယ်။ တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေ စုဖွဲ့ထားတဲ့ PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အစည်းအဝေးကို နှစ်ရက်တာ ခေါ်ယူကျင်းပပြီးတဲ့နောက် PPST ထဲက အဖွဲ့ငါးဖွဲ့တက်ရောက်ဖို့ သဘောထား ရယူခဲ့တဲ့အကြောင်း PPST ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ဗွီအိုအေကို ပြောပါတယ်။
“PPST ကို ကိုယ်စားပြုထားတဲ့ ပါဝင်သင့် ပါဝင်ထိုက်တဲ့ ဖိတ်ခေါ်တဲ့ အားလုံးပါဝင်တဲ့ အခင်းအကျင်းနဲ့ ကျနော်တို့ အဲ့ဒီလိုပဲ နားလည်မှုရှိပါတယ်။ သို့သော်လည်း ဒီတကြိမ်ကတော့ အဲဒီလိုမျိုး အခင်းအကျင်း၊ အဲဒီလိုမျိုး ငြိမ်းချမ်းရေး ဆွေးနွေးပွဲမျိုး ဖြစ်မြောက်နိုင်ဖို့အတွက်၊ စတင်နိုင်ဖို့အတွက် ကျနော်တို့ ဘယ်လိုအစပျိုးမှုတွေ လုပ်နိုင်မလဲ၊ ဘယ်လိုလမ်းကြောင်းတွေ စလို့ အဆင်ပြေမလဲဆိုတာ စတင်ပြီး လမ်းဖောက်တဲ့ တွေ့ဆုံပွဲအနေနဲ့ ကျနော်တို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။”
KNU ငြိမ်းချမ်းရေးကောင်စီ၊ ALD ရခိုင်အဖွဲ့၊ DKBA ကရင်လက်နက်ကိုင်အဖွဲ့၊ မွန်ပြည်သစ်ပါတီနဲ့ PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တို့ ဖြစ်ကြပါတယ်။ ကျန်အဖွဲ့တွေကတော့ သဘောထားမပေးသေးတာ ရှိသလို မဆုံးဖြတ်ရသေးတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်၊ မတက်ကို ဒီလ ၈ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ဖို့ ပြောဆိုထားတာပါ။
ဒီဆွေးနွေးပွဲကို စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ဆွေးနွေးမယ်လို့လည်း ဆိုထားပါတယ်။
အစုအဖွဲ့လိုက် ဆွေးနွေးဖို့ရှိသလို တဖွဲ့ချင်းရဲ့ ထူးခြားချက်အရ တဖွဲ့ချင်းနဲ့လည်း သီးသန့်ဆွေးနွေးသွားမယ်လို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။
ဒီကမ်းလှမ်းချက်ကို KIO ကချင်၊ KNPP ကရင်နီနဲ့ CNF ချင်းအဖွဲ့တွေကတော့ ပယ်ချထားပါတယ်။
KNU ပြောခွင့်ရသူက ဆွေးနွေးပွဲမတက်ဘူးလို့ ဗွီအိုအေကို ပြောထားပေမဲ့ KNU ဥက္ကဋ္ဌက တက်ရောက်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။
RCSS နဲ့ SSPP ရှမ်းအဖွဲ့တွေက တက်ရောက်နိုင်ချေရှိတယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းတချို့က ပြောပေမဲ့ တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
UWSA ဝ ခေါင်းဆောင်တချို့ တက်မယ်လို့ သတင်းထွက်ပေမဲ့လည်း တရားဝင် အတည်ပြုချက် မရပါဘူး။
မတက်တဲ့အဖွဲ့တွေကတော့ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းနိုင်ပါ့မလားဆိုပြီး မေးခွန်းထုတ်ထားသလို လက်ရှိ စစ်ရေးပဋိပက္ခဖြစ်နေတဲ့ NUG/PDF တွေကို ဒီဆွေးနွေးပွဲမှာ ဖယ်ထုတ်ထားတဲ့ ကိစ္စကိုလည်း ထောက်ပြကြပါတယ်။
စစ်ကောင်စီဘက်ကတော့ NUG/PDF အဖွဲ့တွေဟာ အကြမ်းဖက်လုပ်ရပ် ကျူးလွန်သူတွေလို့ စွပ်စွဲထားပြီး ဆွေးနွေးဖို့ ယတိပြတ် ငြင်းပယ်ထားပါတယ်။
SEE ALSO:
NCA အပစ်ရပ် ၅ ဖွဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်မည်--------------------------------
(Unicode)
KNU ပွောခှင့ျရသူက ဆှေးနှေးပှဲမတကျဘူးလို့ ဗှီအိုအကေို ပွောထားပမေဲ့ KNU ဥက်ကဋ်ဌက တကျရောကျမယျဆိုတဲ့ သတငျးတှလေညျး ထှကျနပေါတယျ။