မြန်မာစားသုံးသူတွေကို အကာကွယ်ပေးနိုင်မယ့် ဥပဒေ အသစ်တွေကို ရေးဆွဲ နေပြီး မကြာခင်မှာ ပြန်ဌာန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း FDA မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က ပြောပါတယ်။ ဒီအတောအတွင်း စားသုံးသူများ အသိပညာပေးရေး လုပ်ငန်းတွေကိုလည်း မြို့ပြနဲ့ ကျေးလက် ဒေသတွေ အထိ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ FDA ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်ကို ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ အပိုင်း (၂) အဖြစ်နဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။