မြန်မာ့ရွေးကောက်ပွဲ၊ အားလုံးပါဝင်ခွင့်၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအနာဂတ်

ရန်ကုန်မြို့တနေရာရှိ ရွေးကောက်ပွဲ မဲဆွယ်ဆိုင်းဘုတ်များ။ (အောက်တိုဘာ ၇၊ ၂၀၂၀)

(Zawgyi/Unicode)

လွတ်လပ်ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေမရှိတာကြောင့်ဆိုပြီး ရွေးကောက်ပွဲမလုပ်မယ့် မဲဆန္ဒနယ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပြီးတဲ့နောက် ဝေဖန်သံတွေ အတော်လေး ထွက်လာပါတယ်။

နိုင်ငံရေးထွက်ပေါက်တွေ ပိတ်လိုက်တာ စစ်ပွဲတွေ ကျယ်ပြန့်လာဖို့လား ဆိုတဲ့ စိုးရိမ်စကားမျိုးတွေကိုလည်း ကြားရပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ အခုလုပ်ရပ်နဲ့ပတ်သက်ပြီး သုံးသပ်ချက်တွေကို အခု ဆွေးနွေးခန်းမှာ နားဆင်ကြရပါမယ်။

ရွေးကောက်ပွဲတွေကို စောင့်ကြည့်လေ့လာနေတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု (PACE) အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်၊ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) ရဲ့ ပြင်ပဆက်ဆံရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းတို့ ပါဝင် ဆွေးနွေးထားကြပါတယ်။

--------------------------

(Unicode)






Your browser doesn’t support HTML5

မြန်မာ့ရွေးကောက်ပွဲ၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအနာဂတ်