မြန်မာ COVID-19 ကူးစက်သူ ၁,၃၁၈ ယောက်၊ သေဆုံးသူ အယောက် ၃၀ ထပ်တိုး

မန္တလေးမြို့ ဧရာဝတီကိုဗစ်စင်တာမှာ ကိုဗစ်လူနာတွေကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဒီဇင်ဘာ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက် သေဆုံးမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီ ထုတ်ပြန်တာမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၁၅,၂၆၉ ဦးကို စစ်ဆေးခဲ့ပြီး ၁,၃၁၈ ဦးမှာ ရောဂါပိုး ကူးစက်နေတာ တွေ့ရှိကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာပဲ သေဆုံးသူ ၃၀ ဦးရှိကြောင်း ဖော်ပြထားတာကြောင့် အခုချိန်ထိ သေဆုံးသူ စုစုပေါင်း ၁၈,၁၃၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ကိုဗစ်တတိယလှိုင်းအတွင်း အမှန်တကယ် ရောဂါပိုး ကူးစက်သူနဲ့ သေဆုံးသူ အရေအတွက်ဟာ ကျန်းမာရေးဌာနက ထုတ်ပြန်နေတာထက် အများကြီး ပိုများနိုင်ကြောင်း ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတ အဖွဲ့အစည်းတွေက ပြောပါတယ်။

COVID-19 တတိယလှိုင်းဒဏ်ကို ရင်ဆိုင်နေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ ရောဂါပိုး ကူးစက်သူနဲ့ သေဆုံးသူ အရေအတွက်ဟာ စစ်ကောင်စီ ကျန်းမာရေးဌာနက ထုတ်ပြန်ချက်တွေအရ အခုရက်ပိုင်းအတွင်း သိသိသာသာ လျော့ကျလာနေပါတယ်။

ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတဲ့ အိန္ဒိယနိုင်ငံက လှူဒါန်းတဲ့ Covishield ကိုဗစ်ကာကွယ်ဆေး။ (အောက်တိုဘာ ၉၊ ၂၀၂၁။ ဓာတ်ပုံ - ကျန်းမာရေးဝန်ကြီးဌာန)

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံအတွက် အိန္ဒိယကလှူဒါန်းတဲ့ Covishield ကိုဗစ်ကာကွယ်ဆေး ၁ သန်း ရန်ကုန်လေဆိပ်ကို မနေ့ညက ရောက်လာကြောင်း စစ်ကောင်စီ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးသွားတွေအပေါ် ပြည်ဝင်ခွင့်ဆိုင်ရာ ယာယီကန့်သတ်ချက် အားလုံးကို စက်တင်ဘာလ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားတာကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်းလည်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနက အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ COVID-19 ကူးစက်သူ ၁,၃၁၈ ယောက်၊ သေဆုံးသူ အယောက် ၃၀ ထပ်တိုး

---------------------

(Unicode)





ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတဲ့ အိန္ဒိယနိုင်ငံက လှူဒါန်းတဲ့ Covishield ကိုဗစ်ကာကွယ်ဆေး။ (အောက်တိုဘာ ၉၊ ၂၀၂၁။ ဓာတ်ပုံ - ကျန်းမာရေးဝန်ကြီးဌာန)

