(Zawgyi / Unicode)
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ နောက်ထပ်ကူးစက်သူ ၂၄၉ ဦး ထပ်တိုးတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂,၁၆၆ ခုထဲမှာ ရောဂါကူးစက်သူတွေ ထပ်ပါလာတာဖြစ်ပြီး စုစုပေါင်း ၄,၈၇၀ ဦး ရှိသွားပြီဖြစ်ပါတယ်။
သေဆုံးသူအနေနဲ့ကတော့ ဒီကနေ့ညနေ ၄ နာရီ ထုတ်ပြန်ချက်မှာ ၆ ဦးထပ်တိုးပြီး စုစုပေါင်း ၈၁ ဦး ရှိပါတယ်။
SEE ALSO: ကိုဗစ်ပိုးတွေ့သူတွေကို ကွင်းဆက်ဖြတ်၊နောက်ဆုံးပေါ်ကုထုံး မဟာဗြူဟာကျင့်သုံးမည် (ကျန်းမာရေးဝန်ကြီး)နောက်တိုးသေဆုံးသူ ၆ ဦးစလုံးဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေသူတွေဖြစ်ပြီး အသက် ၆၀ ကနေ ၈၄ နှစ်ကြား အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ဖြစ်ပါတယ်။
ဆေးရုံတွေကနေ ဆင်းခွင့်ရသွားသူ အရေအတွက်က ၅၈ ဦး ထပ်တိုးတာကြောင့် စုစုပေါင်း ၁,၁၈၈ ယောက် ဆေးရုံတွေကနေ ဆင်းသွားကြပြီ ဖြစ်ပါတယ်။
ရောဂါပိုးကူးစက်မှု အများဆုံးကတော့ ရန်ကုန်တိုင်းဒေသကြီးမှာဖြစ်ပြီး မြို့နယ်အသီးသီးမှာ ကိုဗစ်ကာကွယ်ရေး ပိတ်ပင်ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။
Your browser doesn’t support HTML5
---------------------
(Unicode)
SEE ALSO: ကိုဗစ်အန္တရာယ် အချင်းချင်း သတိပေးကာကွယ်ဖို့လိုနောကျတိုးသဆေုံးသူ ၆ ဦးစလုံးဟာ ရနျကုနျတိုငျးဒသေကွီးအတှငျးက ဆေးရုံတှမှော ဆေးကုသမှု ခံယူနသေူတှဖွေဈပွီး အသကျ ၆၀ ကနေ ၈၄ နှဈကွား အမြိုးသား ၅ ဦးနဲ့ အမြိုးသမီး ၁ ဦးတို့ ဖွဈပါတယျ။