WIMBLEDON တင်းနစ်အမျိုးသမီးတဦးချင်း နောက်ဆုံးဖိုင်နယ်မှာ စပိန်နိုင်ငံက Garbine Muguruza အနိုင်ရပြီးချန်ပီယံဖြစ်သွားပါတယ်။
စနေနေ့က ကစားတဲ့ နောက်ဆုံးဖိုင်နယ်မှာတော့ အမေရိကန်က ဝင်ဘယ်လ်ဒန်ချန်ပီယံ ၅ ကြိမ်ဖြစ်ဖူးတဲ့ Venus Williams နဲ့ စပိန်နိုင်ငံ Garbine Muguruza တို့ ကစားခဲ့ကြတာဖြစ်ပါတယ်။
ပထမပွဲမှာ ၂ ယောက်စလုံး အကြိတ်အနယ်ကစားခဲ့ကြပြီး၊ Muguruza က ၇-၅ နဲ့ နိုင်ပါတယ်။ ဒုတိယပွဲမှာလည်း Muguruza က ၆-၀ နဲ့ နိုင်ပြီး နောက်ဆုံးမှာ Muguruza က ၇-၅၊ ၆-၀ နဲ့ ၂ ပွဲပြတ် အနိုင်ရပြီးချန်ပီယံ ဖြစ်သွားတာပါ။
ဒါဟာ မူဂူရူဇာအတွက်တော့ ဝင်ဘယ်လ်ဒန်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ချန်ပီယံဖြစ်တာဖြစ်ပြီး၊ ဂရန်းစလမ်းဆုဖလားကို ဒုတိယအကြိမ်မြောက် ဗိုလ်စွဲတာဖြစ်ပါတယ်။
Your browser doesn’t support HTML5