ဆာဗီးယားနိုင်ငံက နာမည်ကျော် တင်းနစ်ကစားသမား နိုဘက် ဂျိုကိုဗစ်ချ်ဟာ ဗြိတိန်က ကမ္ဘာ့အဆင့် ၂ တင်းနစ်သမား Andy Murray ကို အနိုင်ရပြီး ပြင်သစ်အိုးပင်း တင်းနစ် ချန်ပီယံဖြစ်သွားပါပြီ။
တနင်္ဂနွေနေ့က ပြင်သစ်အိုးပင်း တင်းနစ် အမျိုးသားတဦးချင်းဖိုင်နယ်မှာ ဆာဗီးယားက ကမ္ဘာ့အဆင့် ၁ နိုဘက် ဂျိုကိုဗစ်ချ် နဲ့ ဗြိတိန်က ကမ္ဘာ့အဆင့် ၂ အန်ဒီမာရေးတို့ ကစားခဲ့တာမှာ ဂျုက် ကာ ဗစ်ချ်က ၃-၆၊ ၆-၁၊ ၆-၂၊ ၆-၄ နဲ့ ၃ ပွဲ ၁ ပွဲ နဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်သွားတာပါ။
ဒီအောင်ပွဲဟာ ဂျိုကိုဗစ်ချ် အတွက် အဓိက တင်းနစ်စ် ဆုတံဆိပ်လေးခုကို တနှစ်တည်းအတွင်းရတဲ့ တတိယမြောက် ဖြစ်လာပါတယ်။ နောက်ဆုံးတယောက်ကတော့ သြစတြေးလျနိုင်ငံသား Rod Laver ဖြစ်ပြီး သူက ၁၉၆၂ နဲ့ ၁၉၆၉ ခုနှစ်တွေမှာ ရရှိခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ အမေရိကန်နိုင်ငံသား Don Budge ဖြစ်ပြီး ၁၉၃၈ ခုနှစ်မှာ တင်းနစ်ဆု လေးဆုလုံးကို အနိုင်ရခဲ့သူဖြစ်ပါတယ်။
ဂျုက် ကာဗစ် ချ် ဟာ မနှစ်တုန်းကတော့ Wimbledon ဆုနဲ့ အမေရိကန်အိုးပင်း ဆုတွေကို ရခဲ့ပြီး ဒီနှစ်ရဲ့ သြစတြေးလျအိုးပင်း ဆုကို အခု ပြင်သစ်ဆု မတိုင်ခင်မှာ ရခဲ့ပါတယ်။