နောက်ကျဂိုးနဲ့ မန်ယူ အနိုင်ရ

အကျိတ်အနယ် ကစားနေသည့် ဘုန်းန်မောက်သ်အသင်းမှ Ake နှင့် မန်ယူမှ Sanchez ။ ၃ နိုဝင်ဘာ ၂၀၁၈။

စနေနေ့ကကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ဘုန်းန်မောက်သ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ပွဲမှာ မန်ယူအသင်းဟာ အိမ်ရှင် အသင်းကို ပထမပိုင်း ၁၁ မိနစ်မှာ အရင် ဂိုးပေးလိုက်ရပြီး ၃၅ မိနစ်မှာ ချေပဂိုး ပြန်သွင်းပြီးတဲ့နောက် ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ မှ အနိုင်ဂိုး ကပ်သွင်းနိုင်ပြီး အနိုင်ရသွားပါတယ်။

ထိပ်ဆုံးသုံးသင်းထဲက တသင်းဖြစ်တဲ့ လီဗာပူးလ်အသင်းကတော့ အဝေးကွင်းမှာ အာဆင်နယ်လ်အသင်းနဲ့ တဘက် ၁ ဂိုးစီ သရေကျပါတယ်။ လီဗာပူးလ်အတွက် Milner က ၆၁ မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူပြီး အာဆယ်နယ်လ်အတွက် ချေပဂိုးကို Lacazette က ၈၂ မိနစ်မှာ သွင်းယူပေးတာပါ။

တခြားအနိုင်ပွဲတွေကတော့ နယူးကက်ဆယ်လ်က အိမ်ကွင်းမှာ ဝတ်တ်ဖို့ဒ်ကို ၁ ဂိုး ဂိုးမရှိ၊ အဲဗာတန်က အိမ်ကွင်းမှာ ဘရိုက်တန် ကို ၃ ဂိုး ၁ ဂိုး၊ ဝက်စ်ဟမ်မ်းက အိမ်ကွင်းမှာ ဘန်လေကို ၄ ဂိုး ၂ ဂိုး၊ လက်စတာ စီးတီးက အဝေးကွင်းမှာ ကားဒစ်ဖ် စီးတီးကို ၁ ဂိုး ဂိုးမရှိ၊ စပါးက အဝေးကွင်းမှာ ဝို့လ်ဗ်စ်ကို ၃ ဂိုး ၂ ဂိုးနဲ့ အသီးသီး အနိုင်ရကြပါတယ်။ လက်စတာအတွက် ဒီပွဲဟာ အသင်း ပိုင်ရှင် ထိုင်းသူဌေးကြီး Vichai ရဟတ်ယာဉ်ပျက်ကျလို့ ကွယ်လွန်သွားပြီးတဲ့နောက် ပထမဆုံးကစားတဲ့ပွဲပါ။

တနင်္လာနေ့ပွဲတွေအဖြစ် မန်စီးတီးက အိမ်ကွင်းမှာ ဆောက်သမ်ပ်တန်နဲ့ ကစားဖို့ရှိပြီး ချယ်လ်ဆီးက အိမ်ကွင်းမှာ ခရစ္စတယ်လ် ပဲလေ့စ်နဲ့ ကစားဖို့ရှိပါတယ်။

ဟတ်ဒါစ်ဖီးလ်ဒ်နဲ့ ဖူလမ်ဟမ်းမ်တို့ကတော့ တနင်္လာနေ့မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါ တယ်။

Your browser doesn’t support HTML5

နောက်ကျဂိုးနဲ့ မန်ယူ အနိုင်ရ