ကုလကိုယ်စားပြုမှုအလားအလာ သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့မေးမြန်းခန်း
ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေးကိုကိုင်တွယ်ရာမှာ နိုင်ငံအဖွဲ့ပေါင်းစုံချိတ်ဆက်ပြီး တစုတစည်းတည်း ရှင်းလင်းပြတ်သားတဲ့ ကိုင်တွယ်မှုတွေ ဖြစ်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။ မြန်မာ့အရေးမှာ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေဖြစ်လာဖို့ ဘာတွေ တိုက်တွန်းဆောင်ရွက်နေပါသလဲ။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့် နောက်တနှစ်သက်တမ်းတိုးဖို့ကိစ္စကရော ဘယ်လို အခြေအနေရှိပါလဲ။ နယူးယောက်မြို့က မြန်မာ အမြဲတမ်းကိုယ်စားလှယ်ရုံးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မခင်ဖြူထွေးက တွေ့ဆုံမေးမြန်းထားပါတယ်။