ကွယ်လွန်သူ ကိုဖီအာနန် တနှစ်ပြည့် အမျိုးသမီးကော်မရှင်အဖွဲ့ဝင်တဦး ပြန်ပြောင်းသတိရချက်

ရခိုင်အချက်အလက်ရှာဖွေရေးအဖွဲ့အကြီးအကဲ ကိုဖီအာနန်

သြဂုတ်လ ၁၈ ရက်နေ့ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ကွယ်လွန်ခဲ့တာ ၁ နှစ်ပြည့်ခဲ့ပါပြီ။ သူ သက်ရှိထင်ရှားရှိစဉ်က ရာထူးက အနားယူခဲ့ပေမယ့် နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့ရာမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် ပြဿနာ ဖြေရှင်းရေးမှာလည်း ပါဝင်ကူညီပေးခဲ့သူ ဖြစ်ပါတယ်။ သူ ဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတကာက ၃ ဦးနဲ့ မြန်မာ ၆ ဦး ပါဝင်ရာမှာ ရခိုင်တိုင်းရင်းသူ ဒေါ်ခင်စောတင့်လည်း တဦးအပါအဝင် ဖြစ်ပါတယ်။ အမျိုးသမီး တိုင်းရင်းသူ တဦးအနေနဲ့ သူ့ရဲ့အမြင် ရှင်းပြချက်တွေကို မစ္စတာ ကိုဖီအာနန်အနေနဲ့ ဘယ်လို လေးလေးစားစား လက်ခံခဲ့ပါသလဲဆိုတဲ့အကြောင်း အတုယူ စရာ ပြောပြချက်ကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

Your browser doesn’t support HTML5

ကွယ်လွန်သူ ကိုဖီအာနန် တနှစ်ပြည့် အမျိုးသမီးကော်မရှင်အဖွဲ့ဝင်တဦး ပြန်ပြောင်းသတိရချက်