အလုပ်အကိုင်ဖန်တီးရေးနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တို့ အကျပ်အတည်း

မြန်မာနိုင်ငံသို့ပြန်ဝင်ရန် တရုတ်-မြန်မာနယ်စပ်ဂိတ်တွင် စောင့်နေကြသည့် မြန်မာလုပ်သားများ။ (မူဆယ်) (မေ ၁၂၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ကပ်ရောဂါဘေးကြောင့် အလုပ်လက်မဲ့အရေအတွက် အဆမတန် များလာတဲ့အခြေအနေကို ကမ္ဘာတဝန်း ရင်ဆိုင်နေရသလို မြန်မာနိုင်ငံလည်း ရင်ဆိုင်နေရတာပါ။
ပြည်တွင်းမှာ လုပ်ကိုင်နေကြသူတွေထဲ အလုပ်လက်မဲ့ဖြစ်သွားသူတွေရော၊ ပြည်ပမှ သွားလုပ်နေကြသူတွေ ပြန်လာကြတာကြောင့်ရော အလုပ်လက်မဲ့အရေအတွက်က ပိုတိုးလာနေပါတယ်။
ဒီအခြေအနေကို ဘယ်လိုဖြေရှင်းကြပါမလဲ၊ အလုပ်အကိုင်ဖန်တီးရေး ဘာတွေလုပ်သင့်ပါသလဲ၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေအနေနဲ့ရော ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါသလဲ စတာတွေကို အခုဆွေးနွေးခန်းမှာ နားဆင်ကြရမှာပါ။
မြန်မာ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (CESD) ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာဇော်ဦး၊ မန္တလေးနည်းပညာကုမ္ပဏီက မန်းနေးဂျင်းဒါရိုက်တာ ဒေါက်တာဇော်နိုင်တို့ ဆွေးနွေးထားပါတယ်။

------------------------------

(Unicode)

Your browser doesn’t support HTML5

အလုပ်အကိုင်ဖန်တီးရေးနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တို့ အကျပ်အတည်း