ဂျပန်မြောက်ပိုင်းမှာ ပြင်းအား ၇.၄ ငလျင် ဗုဒ္ဓဟူးနေ့ကလှုပ်ခတ်

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းမှာ မနေ့က ပြင်းအား ၇.၄ ရှိတဲ့ အင်အားပြင်း ငလျင်ကြောင့် အက်ကွဲသွားတဲ့ ကားလမ်းတခု။ (မတ်လ ၁၇၊ ၂၀၂၂)


[[Zawgyi/Unicode]]

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းမှာ မနေ့က ပြင်းအား ၇.၄ ရှိတဲ့ အင်အားပြင်း ငလျင်တခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် ဒေသခံတွေက ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေကို မှတ်တမ်းကောက်ယူတာတွေနဲ့ ရှင်းလင်းဖယ်ရှားတာတွေ လုပ်ဆောင်နေပါတယ်။ အဲဒီငလျင်ကြောင့် အစောပိုင်းမှာ အိမ်ခြေ ၂ သန်းလောက် လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ပြီးတော့ ကျည်ဆန်ရထားတစင်း လမ်းချော်တာနဲ့ အဝေးပြေးလမ်းတွေ အက်ကွဲတာမျိုး ဖြစ်ခဲ့ပါတယ်။

မနေ့ညကလှုပ်ခဲ့တဲ့ ဒီငလျင်ကြောင့် အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့ပြီး သေဆုံးသူစာရင်းကိုတော့ ဆက်လက် စုံစမ်းနေဆဲပဲလို့ ဂျပန်အစိုးရပြောခွင့်ရ Hirokazu Matsuno က ပြောပါတယ်။ နောက်ထပ် သေဆုံးသူ ၃ ဦးရှိခဲ့ပြီး အဲဒီထဲက ၂ ဦးကတော့ ငလျင် ကြောင့် သေဆုံးတာ မဟုတ်ဘူးလို့ တွေ့ရှိခဲ့ပြီး နောက်တဦးကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီငလျင်ဟာ ဖူကူရှီးမားဒေသ ကမ်းလွန်ပင်လယ်ပြင်အောက်မှာ လှုပ်ခဲ့တာဖြစ်ပြီး ငလျင်ကြောင့် လူ ၁၆၁ ယောက် ဒဏ်ရာရရခဲ့ပါ တယ်။ လွန်ခဲ့တဲ့ ၁၁ နှစ်တုန်းကလည်း အဲဒီဒေသမှာပဲ ပြင်းထန်တဲ့ငလျင်ကြောင့် ဆူနာမီရေလှိုင်းတွေဖြစ်ပြီး နျူကလီယား ဓာတ်အားပေးစက်ရုံလည်း ထိခိုက်ခဲ့တာဖြစ်ပါတယ်။

ငလျင်ကြောင့် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ၃ မီတာကျော်လောက်ရှိတဲ့ ဆူနာမီရေလှိုင်းတွေဖြစ်နိုင်တယ်လို့ အစောပိုင်းက သတိပေးခဲ့ပေမယ့် ရေအမြင့်က ပုံမှန်ထက် ၃၀ စင်တီမီတာလောက်ပဲ မြင့်တက်ခဲ့ပြီးတဲ့နောက် ဆူနာမီသတိပေးချက်ကို ဒီကနေ့မနက်အစောပိုင်းမှာ ပြန်ရုပ်သိမ်းခဲ့ပါတယ်။

Your browser doesn’t support HTML5

ဂျပန်မြောက်ပိုင်းမှာ ပြင်းအား ၇.၄ ငလျင် ဗုဒ္ဓဟူးနေ့ကလှုပ်ခတ်

=================

[[Unicode]]





=================