ကာတာ ကမ္ဘာ့ဖလားပွဲ နောက်ဆုံး အခြေအနေ

  • ဗွီအိုအေမြန်မာပိုင်း

FIFA World Cup Qatar 2022 - Group F - Belgium v Canada

(Zawgyi)

ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို ကာတာနိုင်ငံမှာ ဆက်လက် ကျင်းပနေပြီး နိုဝင်ဘာ(၂၃) ဗုဒ္ဓဟူး ၊ စတုတ္ထမြောက်နေ့ ကစားပွဲမှာတော့ အုပ်စု F ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းက ကနေဒါအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အုပ်စု E ပွဲစဉ်မှာ စပိန်အသင်းက Costa Rica အသင်းကို ၇ ဂိုး- ဂိုးမရှိနဲ့ အပြတ်အသတ် နိုင်သွားပါတယ်။

အစောပိုင်း ကစားတဲ့ ဂျပန်နဲ့ ဂျာမနီပွဲမှာ ဂျပန်က ဂျာမနီကို ၂ ဂိုး- ၁ ဂိုးနဲ့ နိုင်သွားပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပွဲ တုန်းကလည်း ပွဲဦးထွက် အုပ်စုပွဲမှာ ဂျာမနီက မက္ကဆီကို အသင်းကို ရှုံးခဲ့ဖူးပါတယ်။ ခရိုအေးရှားနဲ့ မော်ရိုကိုပွဲ မှာတော့ ၂ သင်းလုံး ဂိုးမရှိ သရေ ကျပါတယ်။ အုပ်စု F မှာ လက်ရှိအချိန်ထိ ဘယ်လ်ဂျီယံက (၃)မှတ်နဲ့ ဦးဆောင်နေပြီး၊ Croatia နဲ့ မော်ရိုကိုတို့က(၁)မှတ်စီ ရထားပါတယ်။ အုပ်စု E မှာတော့ ခုချိန်ထိ စပိန်နဲ့ ဂျပန်က (၃)မှတ်စီနဲ့ ထိပ်ပိုင်းမှာ ရှိနေပြီး ဂျာမနီနဲ့ Costa Rica အသင်းတွေကတော့ တမှတ်မှ မရသေးပါဘူး။

ကြာသပတေးနေ့ မှာတော့ အုပ်စု G က ဆွစ်ဇာလန် နဲ့ ကင်မရွန်း ၊ အုပ်စု H က ဥရုဂွေး နဲ့ တောင်ကိုရီးယား၊ ဒါ့အပြင် ပေါ်တူဂီ နဲ့ ဂါနာ တို့ ယှဉ်ပြိုင်ဖို့ရှိပြီး မြန်မာပြည် စံတော်ချိန် ည ၁ နာရီခွဲလောက်မှာ အုပ်စု G က ဘရာဇီး နဲ့ ဆားဘီးယား အသင်းတို့ ယှဉ်ပြိုင် ကစားကြမှာဖြစ်ပါတယ်။ လက်ရှိ အုပ်စုပွဲစဉ်တွေရဲ့ အနိုင်အရှုံး အခြေအနေကိုကြည့်ရင် နာမည်ကြီး အသင်းတချို့ မထင်မှတ်ပဲ ရှုံးနေတာ တွေ့ရတယ်လို့ ဘောလုံးဝါသနာရှင်တွေက သုံးသပ်ကြပါတယ်။

Your browser doesn’t support HTML5

ကာတာ ကမ္ဘာ့ဖလားပွဲ နောက်ဆုံး အခြေအနေ

(Unicode)

ကာတာ ကမ်ဘာ့ဖလားပှဲ နောကျဆုံး အခွအေနေ


