သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား ၄ ရက်မြောက်နေ့ (နိုဝင်ဘာ ၂၃)


ကာတာနိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ အုပ်စု E မှာ ထိပ်ကပြေးနေတဲ့ ဂျပန်အသင်းသားများနဲ့ ပြိုင်ဘက် ဂျာမနီအသင်း။ (နိုဝင်ဘာ ၂၃၊ ၂၀၂၂)
ကာတာနိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ အုပ်စု E မှာ ထိပ်ကပြေးနေတဲ့ ဂျပန်အသင်းသားများနဲ့ ပြိုင်ဘက် ဂျာမနီအသင်း။ (နိုဝင်ဘာ ၂၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

ကာတာနိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးဗိုလ်လုပွဲ ဒီနေ့ ကစားပြီးသလောက် အုပ်စု E မှာ ဂျပန်အသင်းက ထိပ်ဆုံးမှာ ဖြစ်နေပါတယ်။

ဂျပန်နဲ့ ဂျာမနီအသင်းပွဲမှာ ဂျပန်က ၂ ဂိုး၊ ဂျာမနီက ၁ ဂိုးနဲ့ ဂျပန်အသင်းက နိုင်ပါတယ်။ ခရိုအေးရှားနဲ့ မော်ရကိုပွဲမှာတော့ ၂ သင်းလုံး ဂိုး မရှိသရေ ကျပါတယ်။ မြန်မာစံတော်ချိန် ဒီနေ့ ဗုဒ္ဓဟူးနေ့ည ၁၀ နာရီခွဲကျရင် စပိန်နဲ့ ကော်စတာရီကာအသင်းတို့ ကန်ကြမှာဖြစ်ပြီး ကြာသပတေးနေ့ကူးပြီး မနက် ၁ နာရီခွဲကျရင် အုပ်စု F က ဘယ်လ်ဂျီယံနဲ့ ကနေဒါအသင်း ကစားကြမှာဖြစ်ပါတယ်။

ဒီနေ့ မြန်မာအချိန် သန်းခေါင်ကျော်ပွဲမှာတော့ ပြင်သစ်အသင်းက ခြေအသာ၊ ကစားကွက်အသာနဲ့ သြစတြေးလျားအသင်းကို ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိသွားပါတယ်။ နက်ဖြန် ကြာသပတေးနေ့ကျရင်တော့ အုပ်စု G က Switzerland နဲ့ Cameroon၊ အုပ်စု H က Uruguay နဲ့ တောင်ကိုရီးယား၊ Portugal နဲ့ ဂါနာ၊ အုပ်စု G က Brazil နဲ့ ဆားဘီးယားအသင်းတို့ ကစားကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]

ကမ်ဘာ့ဖလား ၄ ရကျမွောကျနေ့ (နိုဝငျဘာ ၂၃)




XS
SM
MD
LG