ဆီးရီးယား နိုင်ငံမှာ IS အကြမ်းဖက် အုပ်စု ထိန်းချုပ်ထားတဲ့ နောက်ဆုံးနယ်မြေကို အမေရိကန် ကျောထောက်နောက်ခံပြု တပ်ဖွဲ့တွေ အပြီးတိုင် သိမ်းပိုက်ရေး နောက်ဆုံး ထိုးစစ်ဆင်ဖို့ ရက်အနည်းငယ်ဘဲ လိုပါတော့တယ်။
အတွေ့အကြုံ အရင့်ဆုံး IS တိုက်ခိုက်ရေး သမားတွေဟာ ဆက်လက် ခုခံနေဆဲ ဖြစ်ပြီး အမေရိကန် ကျောထောက်နောက်ခံပြု တပ်ဖွဲ့တွေက ထွက်ခွာလာတဲ့ အရပ်သားတွေကို ဆက်လက် ကြိုဆို လက်ခံနေရတယ်လို့ မဟာမိတ် တပ်ဖွဲ့ဝင်တွေက တွစ်တာမှာ ဖော်ပြပါတယ်။
ကာဒ့် တွေ ဦးဆောင်တဲ့ ဒီမိုကရေစီ တပ်ဖွဲ့တွေက IS တို့ ကြံ့ကြံ့ခံ နေတဲ့ Bague ကျေးရွာကို ထိုးဖောက် ဝင်ရောက်ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် ရာနဲ့ချီတဲ့ အရပ်သားတွေကို ကယ်ထုတ်လာခဲ့ပြီးတဲ့နောက် တွစ်တာမှာ ဒီလို ရေးသား ဖော်ပြလိုက်ကြတာပါ။
ထရပ်ကား ၁၀ စီးလောက် IS တို့ ဝိုင်းထားတဲ့ နေရာက ထွက်ခွာသွားတာ တွေ့လိုက်ရပြီး ကျန် ထရပ်ကား နှစ်စီးဟာ လက်နက်ချ IS အကြမ်းဖက် တပ်ဖွဲ့ဝင်တွေ လိုက်ပါသွားတာ ဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ ဗုဒ္ဓဟူးနေ့က လူပေါင်း ၂ ထောင်ကို ကယ်ထုတ်နိုင်ခဲ့ပြီး နောက်ထပ် ၁ ထောင်လောက် ကျန်နေသေးတယ်လို့လည်း ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့တွေက ဆိုကြပါတယ်။
Your browser doesn’t support HTML5