မြန်မာ့စီးပွားရေးဟာ အတက်ဘက်ကို ပြန်ပြလာနေပြီး ရေရှည် ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာကလည်း ကောင်းနေတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က နောက်ဆုံးထုတ်ပြန်တဲ့ Article IV Consultation ထဲမှာ ပြောထားပါတယ်။
သတိထား လုပ်ဆောင်ရမယ့်ကိစ္စတွေ ရှိနေသလို နောက်ထပ်အပြောင်းအလဲတွေ အရှိန်အဟုန်နဲ့ ဆက်လုပ်ရမယ်လို့ IMF က ပြောထားချိန်မှာပဲ စီးပွားရေးအတက်ဘက်ကို ပြလာနေပြီဆိုတာက ဘာကိုဆိုလိုပါသလဲ၊ ဒီအချက်က လူထု များရာစုကြီးအတွက်ရော ဘယ်လို အဓိပ္ပါယ်သက်ရောက်ပါသလဲ၊ စီးပွားရေးပညာရှင် ဦးလှမောင်ကို ဆက်သွယ် မေးမြန်း ဆွေးနွေးပြီး အပိုင်း (၁) အဖြစ် ဒီသီတင်းပတ် စီးပွားရေးကဏ္ဍမှာ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
Your browser doesn’t support HTML5