ထိုင်းရောက် မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို နေရပ်ရင်း ပြန်ပို့

(၂၁ ၊ ၁၁၊ ၂၀၂၂ ) ရနောင်း ကော့သောင်း ရေလမ်းကနေ ပြန်လည်လွဲှပြောင်းပေးလိုက်တဲ့မြန်မာနိုင်ငံသားများ

ထိုင်းမြောက်ပိုင်း က လွတ်ရက်စေ့တဲ့ အကျဉ်းသား၁၂၀ကျော် အပါအဝင် နေရပ်ပြန်လိုသူအားလုံး စုစုပေါင်း ၁၆၀ကျော်ကို ထိုင်းနိုင်ငံ မဲဆိုင်မြို့ တာဝန်ရှိသူတွေက မြန်မာနိုင်ငံ တာချီလိပ်မြို့ဘက်ကို နိုဝင်ဘာလ၂၈ရက်နေ့က လွဲှပြောင်းပေးခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

ထိုင်းရောက် မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို နေရပ်ရင်း ပြန်ပို့

{{Zawgyi/Unicode}}
ထိုင်းမြောက်ပိုင်း ပြည်နယ်တွေက လွတ်ရက်စေ့တဲ့ အကျဉ်းသား၁၂၀ကျော် အပါအဝင် နေရပ်ပြန်လိုသူအားလုံး စုစုပေါင်း ၁၆၀ကျော်ကို ထိုင်းနိုင်ငံ မဲဆိုင်မြို့ တာဝန်ရှိသူတွေက မြန်မာနိုင်ငံ တာချီလိပ်မြို့ဘက်ကို နိုဝင်ဘာလ၂၈ရက်နေ့က လွဲှပြောင်းပေးခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းပြည်နယ်အသီးသီးမှာ ပြစ်ဒဏ်တွေကျပြီး လွတ်ရက်စေ့လာတဲ့ မြန်မာနိုင်ငံသား ၁၂၀ကျော်ကို ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် မဲဆိုင်မြို့ က တာဝန်ရှိသူတွေက နိုဝင်ဘာလ ၂၈ ရက်နေ့က မြန်မာဘက်ကို ပြန်လွဲှပြောင်းပေးလိုက်ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဌ ဦးမိုးကြိုး က အခုလိုပြောပါတယ် ။

" မဲဆိုင်မြို့ အမှတ်(၂) ချစ်ကြည်ရေး တံတားကနေပြီးတော့ နိုဝင်ဘာလ၂၈ရက်နေ့မှာ ကြိုဆိုလက်ခံခဲ့တယ် ။ လွဲှပြောင်းပေးခဲ့တာဖြစ်ပါတယ်။ အများစုကတော့ ထိုင်းအကျဉ်းထောင်အသီးသီးမှာ လွတ်ရက်စေ့ပြီး ပြစ်ဒဏ်ကျပြီး ပြန်လည်လွတ်မြောက် လာကြသူတွေဖြစ်ပါတယ် ။ ရွှေပြောင်းလုပ်သားတွေ ဖြစ်ပြီးတော့ အမျိုးသား ၁၀၁ဦး ၊ အမျိုးသမီး ၂၁ဦး၊ စုစုပေါင်း ၁၂၂ ဦး တို့ ထိုင်းမှာ တစုံတရာ ပြစ်ဒဏ်မရှိပဲနဲ့ နေရပ်ပြန်ချင်သူ အမျိုးသား ၁၃ဦးနဲ့ အမျိုးသမီး၂၆ဦး စုစုပေါင်း ၃၉ ဦး၊ အားလုံးပေါင်း ၁၆၁ ဦးကိုတော့ မဲဆိုင် ထိုင်း ၊ မြန်မာ ချစ်ကြည်ရေး တံတားကတဆင့် ထိုင်းဘက်ကနေ မြန်မာဘက်ကို တရားဝင်လွဲှပြောင်းပေးလိုက်ပါတယ်"

ထိုင်းဘက်ကလည်း လဝက အရာရှိတွေ အလုပ်သမားအရာရှိတွေ နှစ်နိုင်ငံ နယ်ခြားကော်မတီအဖွဲ့ဝင်တွေ တက်ရောက်သလို မြန်မာဘက်ကလည်း တာချီလိတ် စစ်ဒေသ က ဗိုလ်မှူးကြီး မင်းမင်းထွန်း နဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်တာတွေ့ရပါတယ်။

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွှတ်ရက်စေ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၁၀ ဦးကို နိုဝင်ဘာလ ၂၁ ရက် နေလယ်ပိုင်းက ရနောင်းမြို့ ကနေတစ်ဆင့် ကော့သောင်းမြို့ ကို ပြန်ပို့ခဲ့ပါတယ်။ နေရပ်ပြန်ပို့ခံရသူတွေကိုတော့ မြန်မာဘက်မှာ ကိုဗစ်စစ်ဆေးတာအပြင် အချက်အလက်တွေ ရယူစစ်ဆေးမူတွေလည်း လုပ်ခဲ့တယ်လို့လည်း ဦးမိုးကြိုး က ပြောပါတယ်။

" နေရပ်ပြန်သူတွေကို ကျန်းမာရေးဌာန ဝန်ထမ်းတွေက ကိုဗစ်စစ်ဆေးတာ ကျန်းမာရေးဆိုင်ရာ ကိုယ်ရေး အချက်အလက်တွေ ရယူပြီးတဲ့အခါမှာ သူတို့ကို စောင့်ကြည့်စစ်ဆေးပြီးတဲ့အခါ ဒေသအလိုက် မော်တော်ယဉ်တွေနဲ့ နေရပ်ပြန်ပို့ ပေးမယ်လို့ သိရပါတယ်"

ထိုင်းမြန်မာနယ်စပ် ၃နေရာကနေ ပြည်နှင်ဒဏ်ပေး ပြန်လွဲှပြောင်းတာတွေ လုပ်ခဲ့ပြီး မဲဆောက်မြဝတီလမ်းကတော့ အများဆုံး ပြန်လွဲှပြောင်းပေးနေတာပါ။ ရနောင်း ကော့သောင်း ရေလမ်းကနေ လည်း တလမှာ၂ကြိမ်လောက် ပြန်လွဲှပြောင်းပေးတာရှိသလို မဲဆိုင် တာချီလိတ် လမ်းကတော့ တလမှာ တကြိမ်လောက်သာ ပြန်လွဲှပြောင်းပေးပါတယ်။

Your browser doesn’t support HTML5

ထိုင်းရောက် မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို နေရပ်ရင်း ပြန်ပို့

..............................................................


{{Zawgyi/Unicode}}





