ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းဟာ နိုင်ငံတခုအတွက် နိုင်ငံခြားဝင်ငွေ အများအပြား ရှာပေးနိုင်တဲ့ စီးပွားလုပ်ငန်းကြီး တခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံလို နိုင်ငံမျိုးဟာ ခရီးသွား လုပ်ငန်းကနေ တိုင်းပြည်ရဲ့ အများဆုံး နိုင်ငံခြားဝင်ငွေကို ရှာပေးနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ မြန်မာနိုင်ငံဟာလည်း ထိုင်းနဲ့ တခြား နိုင်ငံတွေနည်းတူ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကနေ နိုင်ငံခြားဝင်ငွေ အများအပြား ရှာနိုင်တဲ့ အခွင့်အလန်း ရှိပေမယ့် အစိုးရရဲ့ တင်းကြပ်တဲ့ ပေါ်လစီတွေကြောင့် ထင်သလောက် လုပ်မဖြစ်ဘူး ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောပါတယ်။ မြန်မာ့ ခရီးသွားလုပ်ငန်းအကြောင်း ဦးသက်လွင်တိုးနဲ့ ဆက်သွယ် မေးမြန်းထားတာကို ဒီ သီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
Your browser doesn’t support HTML5