မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် မျိုးကောင်း မျိုးသန့်တွေ လယ်သမားတွေလက်ထဲ ဈေးနှုန်း သက်သာစွာနဲ့ ရောင်းချပေးဖို့ လိုအပ်သလို စိုက်ပျိုးရေးမှာ ခေတ်နောက်ကျနေတဲ့ နည်းစံနစ်တွေကိုလည်း ပြုပြင် ပြောင်းလဲဖို့ လိုအပ်တယ်လို့ လယ်ဧက ၅၀ လောက်ကို စိုက်ပျိုးနေတဲ့ လယ်ပိုင်ရှင် လက်ပံတန်း ဦးသိန်းဇော်က ပြောပါတယ်။ မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် အဓိကကျတဲ့ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ တိုးတက်အောင် ဘယ်နေရာတွေမှာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်သလဲဆိုတဲ့အကြောင်း ဦးသိန်းဇော်နဲ့ ဆွေးနွေးထားတာကို အခုသီသတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ အပိုင်း (၂) အဖြစ်နဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
Your browser doesn’t support HTML5