မြန်မာ့စီးပွားရေးဦးမော့ရေး မဲခေါင်ဒေသကို ဘယ်လို အသုံးချမလဲ

မဲခေါင်ထိပ်သီးစည်းဝေးပွဲမှာ တွေ့ရသည့် ခေါင်းဆောင်တချို့။

ဂျပန်နိုင်ငံမှာ အောက်တိုဘာလ ၈ ရက်ကနေ ၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ မဲခေါင်-ဂျပန် ထိပ်သီး စည်းဝေးပွဲအတွင်း မဲခေါင်ဒေသ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးပြီး သဘောတူညီချက်တွေလည်း ရရှိခဲ့ကြပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ဒီထိပ်သီးစည်းဝေးပွဲကို တက်ရောက်ပြီး ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံရဲ့ ပါဝင်မှု အခန်း ကဏ္ဍတွေကို ဆွေးနွေးခဲ့ပါတယ်။ အဖွဲ့ဝင် ၅ နိုင်ငံထဲနဲ့ မြန်မာနိုင်ငံ ဘယ်လို စီးပွား ပူးပေါင်း ဆောင်ရွက်နိုင်မလဲ၊ ဖွံ့ဖြိုးမှု နှေးကွေးနေတဲ့ မြန်မာ့စီးပွားရေး ဦးမော့လာအောင် ဘယ်ကဏ္ဍတွေကို ဦးစားပေး လုပ်ဆောင်သင့်သလဲ ဆိုတာတွေကို စီးပွားရေးပညာရှင် ဦးကံထွန်းနဲ့ ဆက်သွယ်မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ့စီးပွားရေးဦးမော့ရေး မဲခေါင်ဒေသကို ဘယ်လို အသုံးချမလဲ