ကမ္ဘာတဝှမ်း လွတ်လပ်မှု ဘောင်ကျဉ်းလာသလား

(Zawgyi / Unicode)

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဒီမိုကရေစီ အခြေအနေ ၊ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ နှစ်စဉ် အစီအရင်ခံစာကို အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒီအစီအရင်ခံစာရဲ့ တွေ့ရှိချက်မှာတော့ ၁၄ နှစ်ကာလအတွင်း ကမ္ဘာတစ်ဝှမ်းက ဒီမိုကရေစီစနစ်ဟာ အဟန့်အတားလုပ်ရပ်တချို့နဲ့ ရင်ဆိုင်နေရတာပါ။ VOA သတင်းထောက် Arash Arabasadi ရဲ့ သတင်းကို အခြေခံပြီး ကိုဝင်းခန့်မောင်က ပြောပြထားပါတယ်။

ကမ္ဘာတစ်ဝှမ်း ဒီမိုကရေစီစနစ်ရဲ့ အခြေအနေနဲ့ လွတ်လပ်ခွင့်တွေ ကျဆင်းနေတယ်လို့ Freedom House အဖွဲ့ရဲ့ နှစ်စဉ်အစီရင်ခံစာမှာ တွေ့ရပါတယ်။ ဟောင်ကောင်မှာ တရုတ်အစိုးရကို ဆန္ဒပြသူတွေ ဖြိုခွင်းခံရတာ၊ အီရန်မှာ အပြောင်းအလဲ လိုလားသူတွေ ဖိနှိပ်ခံရတာတွေနဲ့ အတူ အစီရင်ခံစာထဲမှာ အပြောင်းအလဲကို မလိုလားတဲ့ အုပ်ချုပ်သူ အစိုးရတွေရဲ့ အင်အားသုံး ဖြိုခွင်းမှုတွေကို ဖော်ပြထားပါတယ်။ တချို့ ဒီမိုကရေစီ စနစ်နဲ့ ကျင့်သားရနေတဲ့ နိုင်ငံတွေမှာလည်း အနှောက်အယှက်တွေနဲ့ ကြုံတွေ့ရကြောင်း မှတ်ချက်ပေးထားပါတယ်။ Freedom House အဖွဲ့က သုတေသနနဲ့ စိစစ်လေ့လာရေးအဖွဲ့ ဒုဥက္ကဋ္ဌ Sarah Repucci က Skype ကနေ တဆင့် အခုလို ပြောပါတယ်။

" ဒီမိုကရေစီစနစ် အခက်ကြုံနေရပါတယ်။ ဒီနှစ်မှာဆိုရင် တန်းတူအခွင့်အရေးနဲ့ လူနည်းစုတွေအတွက်လှုပ်ရှားမှုတွေမှာ တိုက်ခိုက်ခံရမှုတွေကို တွေ့ခဲ့ရပါတယ်။ ဒါက ဒီမိုကရေစီနိုင်ငံတွေမှာရော အာဏာရှင်အုပ်ချုပ်ရေးရှိတဲ့ နိုင်ငံတွေမှာပါဖြစ်ပါတယ်။ ဒီအချက်တွေအားလုံးချုံငုံကြည့်မယ်ဆိုရင် ၁၄နှစ်ဆက်တိုက် ကမ္ဘာတစ်ဝှမ်း ဒီမိုကရေစီကျဆင်းနေတာကို တွေ့ရမှာပါ။ "

Sarah Repucci ဟာ Freedom House အဖွဲ့က သုတေသနနဲ့ စိစစ်လေ့လာရေးအဖွဲ့ ဒုဥက္ကဋ္ဌဖြစ်ပါတယ်။ ဘာသာရေးနဲ့ လူနည်းစုအုပ်စုတွေကို အဓိကထား တိုက်ခိုက်နေတဲ့ အစိုးရ အရေအတွက် ပိုများလာတယ်လို့ သူက ဆိုပါတယ်။

" အစိုးရတွေဖက်က သူတို့ရဲ့ စီမံမှုညံ့ဖျင်းတဲ့ ကိစ္စတွေမှာ လူနည်းစုဝင်တွေ အပေါ် အပြစ်ပုံချတာ၊ ဖိနှိပ်ချုပ်ချယ်ရေး အတွက် နည်းလမ်းသစ်တွေ စမ်းသပ်တဲ့ အလေ့အထတွေ နိုင်ငံတကာမှာ အဖြစ်များလာပါတယ်။"

ဥပမာ တရုတ်ပြည်မှာဆိုရင် လူတွေကို ထောက်လှမ်းစောင့်ကြည့်ရေးလုပ်တဲ့အခါ ပထမ လူအုပ်စုနည်းနည်းလေးနဲ့စခဲ့ပြီး နောက်ပိုင်းမှာ တဖြည်းဖြည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ဖြစ်လာတာကိုတွေ့ရပါတယ်။ ဒီလိုဖြစ်ရပ်တွေရှိနေပေမယ့်လည်း ဟောင်ကောင်မှာတော့ လူထုဟာ သူတို့လွတ်လပ်ခွင့်အတွက် သန္နိဌာန်ချပြီး ဆက်လက်တိုက်ပွဲဝင်နေတာပါ။

" ဟောင်ကောင်မှာ ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေကိုကြည့်ရင် ဟောင်ကောင်လူထုဟာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီစနစ်ကို တခြားနိုင်ငံတွေမှာ ရှိနေတဲ့ လူတွေလိုပဲ အရေးတကြီး လိုအပ်နေတယ်ဆိုတာ ထင်ရှားပါတယ်။ ဟောင်ကောင် လှုပ်ရှားမှုဟာ အရေးပါပါတယ်။ ထောက်ခံမှုရဖို့ လိုအပ်ပါတယ်။ ဒါမှပဲ တရုတ်အစိုးရဟာ လူတွေ တကယ်လိုချင်နေတာ ဘာလဲဆိုတဲ့ အကြောင်း အရှိတရားအတိုင်းမြင်သွားမှာပါ။"

အနောက်အာဖရိက Benin နိုင်ငံမှာဆိုရင် မနှစ်က ရွေးကောက်ပွဲ မသမာမှုတွေကြောင့် တိုင်းပြည်ရဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ စံနှုန်းသတ်မှတ်ချက် အဆင့် ကျသွားခဲ့ပြီး စစ်ဖြစ်နေတဲ့နိုင်ငံ၊ အာဏာသိမ်းခံရတဲ့ နိုင်ငံတနိုင်ငံလောက် အဆင့်ကို ကျသွားခဲ့ပါတယ်။ ဒါပေမယ့် တချို့နိုင်ငံတွေမှာတော့ တိုးတက်မှုတွေ ပြနေပါတယ်။

" ဆူဒန်နိုင်ငံ ဆိုလို့ရှိရင် မနှစ်စာရင်းထဲမှာ အတော်လေး အခြေအနေကောင်းတဲ့ အထဲ ပါပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ပြီး နှစ် ၃၀လောက် အာဏာရှိနေတဲ့ သမ္မတတစ်ယောက်ကို လူထုလှုပ်ရှားမှုနဲ့ ဖြုတ်ချနိုင်ခဲ့တာဟာ တကယ့်ကိုအောင်မြင်မှုကြီး တခုပါ။"

နိုင်ငံသားတွေရဲ့ အပြောင်းအလဲအတွက် ပါဝင်လှုပ်ရှားလိုစိတ် ကနေတဆင့် မျှော်လင့်ချက်တွေရှိပါတယ်လို့ Repucci က ဆိုပါတယ်။ ဒီလိုမျှော်လင့်ချက်တွေ ရှိနေသေးတာတောင် Freedom House ရဲ့ အစီရင်ခံစာအရ ဒီမိုကရေစီ အခက်အခဲကြုံတွေ့ရတဲ့ နိုင်ငံ အရေအတွက်ဟာ တိုးတက်လာတဲ့ နိုင်ငံအရေအတွက်ထက် လက်ရှိမှာ ၂ ဆ ပိုများတယ်လို့ ဆိုထားပါတယ်။

Your browser doesn’t support HTML5

ကမ္ဘာတဝှမ်း လွတ်လပ်မှု ဘောင်ကျဉ်းလာသလား

(Unicode)





Sarah Repucci ဟာ Freedom House အဖှဲ့က သုတသေနနဲ့ စိစဈလေ့လာရေးအဖှဲ့ ဒုဥက်ကဋ်ဌဖွဈပါတယျ။ ဘာသာရေးနဲ့ လူနညျးစုအုပျစုတှကေို အဓိကထား တိုကျခိုကျနတေဲ့ အစိုးရ အရအေတှကျ ပိုမြားလာတယျလို့ သူက ဆိုပါတယျ။





