လယ်သမားတွေအနေနဲ့ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်လည်ရရှိရေး လုပ်ဆောင်တဲ့နေရာမှာ အစိုးရသစ်အနေနဲ့ ကူညီ ဆောင်ရွက်ပေးလိုတဲ့ ဆန္ဒတွေ ရှိနေပေမယ့်လည်း အုပ်ချုပ်ရေးယန္တရားထဲမှာ လူဟောင်းတွေ ရှိနေဆဲဖြစ်တဲ့အတွက် အခက်အခဲတွေ ရှိနေတုန်းပဲလို့ တောင်သူလယ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ တောင်သူလယ်သမားတွေရဲ့ ဘ၀ တိုးတက် မြင့်မားဖို့ အတွက် အစိုးရရဲ့ ကူညီဆောင်ရွက်မှုတွေ လိုအပ်ကြောင်းလည်း ပြောပါတယ်။ တောင်သူလယ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခက်တွေကို အဖြေရှာဖို့နဲ့ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရရေးတို့အတွက် ဇူလိုင်လ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေက မုံရွာမြို့မှာ လယ်ယာမြေ ညှိနှိုင်းဆွေးနွေးပွဲကို ဦးဆောင် ကျင်းပခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး တောင်သူလယ်သမား သမဂ္ဂဥက္ကဌ ဦးဆွေဝင်းကို ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
Your browser doesn’t support HTML5