တရုတ်နိုင်ငံရဲ့ ပြည်ပပို့ကုန် ကျဆင်းနေတာကို ပြန်လည် မြင့်တင်နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ အစိုးရက ယွမ်ငွေတန်ဖိုးကို ချလိုက်တဲ့အတွက် တရုတ်နိုင်ငံရဲ့ အဓိက ကုန်သွယ်နိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေအကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ တရုတ်နဲ့ အိမ်နီးချင်းဖြစ်တဲ့အပြင် တရုတ်နိုင်ငံက ကုန်ပစ္စည်းတွေကို အဓိက သုံးစွဲနေတဲ့ မြန်မာနိုင်ငံမှာရော ယွမ်ငွေ တန်းဖိုးချလိုက်တာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါသလဲဆိုတာကို စီးပွားရေးတက္ကသိုလ် လက်ထောက် ကထိက ဒေါက်တာ ကျော်မင်းထွန်းနဲ့ ဆက်သွယ် မေးမြန်းပြီး ကိုဇော်ဝင်းလှိုင်က ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ပြပေးထားပါတယ်။