အီဘိုလာကြောင့် သေဆုံးသူ ကွန်ဂိုမှာ ၂၀၀၀ ရှိ

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ အီဘိုလာ ကူးစက်ရောဂါပိုးကြောင့် သေဆုံးသူ (၂,၀၀၀)အထိ ရှိသွားပြီးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သောကြာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီ သေဆုံးသူ အရေအတွက်ကို WHO က အတည်ပြုနိုင်ခဲ့ပြီး ၊ နောက်ထပ် အလားအလာရှိသူ အရေအတွက်က မှတ်တမ်းတင်ရ လောက်အောင် ၃,၀၀၀ အထက်မှာ ရှိမယ်လို့ဆိုပါတယ်။

အီဘိုလာဗိုင်းရပ်စ်ပိုးဟာ နေရာသစ်တွေဆီ ဆက်လက်ပျံ့နှံ့ခဲ့ပြီး ၊ ပြီးခဲ့တဲ့ တလခွဲအတွင်း အရေအတွက် လျော့ကျမသွားပဲ အပတ်စဉ် ကူးစက်မှုနှုန်းက ပျှမ်းမျှအားဖြင့် ၇၇ ယောက်လောက် ရှိတယ်လို့ WHO အဖွဲ့က ပြောပါတယ်။

ကွန်ဂို အရှေ့ဘက်ခြမ်းက လူ(၂)သိန်းကျော်ကို ကြိုတင်ကာကွယ်ဆေး ထိုးတာ၊ ကုသတာတွေ လုပ်ခဲ့ပေမယ့်လည်း အီဘိုလာဗိုင်းရပ်စ်က ဆက်ပျံ့နေဆဲ ဖြစ်ပါတယ်။

ရောဂါကူးစက်ခံနေရတဲ့ နယ်စွန်နယ်ဖျားဒေသနဲ့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ လူတွေက ဆရာဝန်တွေ ၊ ကျန်းမာရေးလုပ်သားတွေကို အယုံအကြည်မရှိတာကြောင့် ရောဂါထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းတွေ အတော် အားထုတ်နေရပါတယ်။ ၂၀၁၈ သြဂုတ်လကစပြီး အီဘိုလာကြောင့် သေဆုံးသူ ၂ထောင်နီးပါးရှိလာခဲ့ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ ရောဂါအခံရှိတဲ့ လူခန္ဓာကိုယ်က တဆင့် ကူးစက်တာမျိုး ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အီဘိုလာကြောင့် သေဆုံးသူ ကွန်ဂိုမှာ ၂၀၀၀ ရှိ