သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်ဘေးရီးယားမှာ အီဘိုလာကင်းစင်


လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါ ဖြစ်ပွားမှုကင်းရှင်းသွားပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာလိုက်ပါတယ်။

အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းရှိမရှိ စောင့်ကြည်ကာလ အချိန် ၂၁ ရက်ကို ၂ ခါပြန် ဆက်တိုက် စောင့်ကြည့်အပြီး နောက်ထပ် ရောဂါဖြစ်ပွားသူ လူနာအသစ်မရှိတော့ဘူးဆိုတဲ့ လိုင်ဘေးရီးယားနိုင်ငံရဲ့အစီရင်ခံစာအရ WHO ကအခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

လိုင်ဘေးရီးယားနိုင်ငံရဲ့အိမ်နီးချင်း ဆီအဲလာ ရီယွန်းနဲ့ ဂီန နိုင်ငံတွေမှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အီဘိုလာရောဂါ နောက်ထပ်ဖြစ်ပွားသူ ၉ ဦးစီ ရှိပါတယ်။ အီဘိုလာ ကင်းရှင်းပြီးနောက်ပိုင်းမှာ လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း WHO အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအထဲမှာ အီဘိုလာ ရောဂါရဖူးသူတွေဟာ မိမိတို့ရဲ့ အိမ်ထောင်ဘက်တွေနဲ့ ၆ လအတွင်း လိင်ဆက်ဆံတာရှောင်ဖို့ ဒါမှမဟုတ် အကာအကွယ်သုံးပြီး ဆက်ဆံတာမျိုး လုပ်ဖို့ သတိပေးထားပါတယ်။

XS
SM
MD
LG