ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းရိုင်ပြည်နယ်အတွင်း မှာ ကုန်တင်ကားအပြည့် တင်ဆောင်လာတဲ့ ကာလတန်ဖိုး ဘတ်သန်းပေါင်း ၃၀၀၀နီးပါးတန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၁၅ သန်းနီးပါးကို စနေနေ့က ဖမ်းဆီးရမိပါတယ်။ ၂၀၁၈ခုနှစ်ထဲမှာ အများဆုံးဖမ်းဆီးမိခဲ့တာလို့ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။ ထိုင်းအခြေစိုက် VOA မြန်မာပိုင်းသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ထိုင်း မြောက်ပိုင်း၊ ချင်းရိုင် ပြည်နယ် ၊ဖန် မြို့နယ်၊ မဲယင်းကျေးရွာအုပ်စု ပူကိန်းရဲစစ်ဆေးရေးဂိတ်မှာ ဇွန်လ ၂ရက်နေ့က ဖမ်းမိခဲ့တဲ့ ရာဘ စိတ်ကြွဆေး ဟာ ၂၀၁၈ ခုနှစ် နှစ်ထဲမှာ အများဆုံး အလုံးအရင်းနဲ့ မိခဲ့တာလို့ ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။ ဒီဆေးဝါးတွေဟာ မြန်မာနိုင်ငံအတွင်းက ၀ လူမျိုးစုတွေရဲ့ နယ်မြေက ဖြစ်တယ်လို့ရဲမှူးကြီး Chalermkiat Srivoran က ဇွန်လ ၃ရက်နေ့ ညနေပိုင်းမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုသွားပါတယ်။
ရဲမှူးကြီး Chalermkiat Srivoranပြောသွားကတော့ စိတ်ကြွဆေးပြား ၁၄၉၃၆၀၀၀ ကို အစိမ်းရောင် ကျောပိုးအိတ် ၇၅အိတ် ထုတ်ပိုးတာဖြစ်ပြီး မဲယင်ခရိုင် ကျေးရွာ အမှတ် (၅) အုပ်စု အတွင်းက ရဲ စစ်ဆေးရေးဂိတ်မှာ ရပ်တန့်ရှာဖွေရာကနေ ဖမ်းဆီးမိခဲ့တာလို့ဆိုပါတယ်။ ဒီနောက် စိတ်ကြွဆေးတွေ သယ်ဆောင်လာတဲ့ အဲဒီကားနောက်မှာလိုက်လာတဲ့ တိုယိုတာ ပစ်ကပ်ကားအနက်ရောင် ကားတစီးကိုလည်း ဖမ်ဆီးထားတယ်လို့ဆိုပါတယ်။ ခြောက်ဘီးကုန်တင်ကားကြီးနဲ့ စိတ်ကြွဆေး သယ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား တွေကိုဖမ်းဆီး စစ်ဆေးခဲ့ရာမှာ ဒီမူးယစ်ဆေးဝါးတွေကို Ayutthaya ပြည်နယ်အတွင်းက မူးယစ်ကုန်သည်တွေထံ လွဲပြောင်းပေးရမှာဖြစ်တဲ့အကြောင်း ဝန်ခံခဲ့ပါတယ်။ ကာလတန်ဖိုး ဘတ်သန်းပေါင်း ၃၀၀၀ နီပါးရှိ စိတ်ကြွဆေးတွေ ဟာ မြန်မာနိုင်ငံအတွင်းက ၀ လူမျိုးစုတွေရဲ့ နယ်မြေက ဖြစ်တယ်လို့ရဲမှူးကြီး Chalermkiat Srivoran က ထုတ်ဖေါ်ပြောဆိုသွားပါတယ်။။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါး စက်ရုံ တွေ တည်ထားပြီး
တနေ့တနေ့သန်းနဲ့ချီထွက်နေတဲ့ စိတ်ကြွဆေးတွေဟာ ထိုင်းမြန်မာနယ်ခြားဒေသတွေဆီကိုဝင်ရောက်လာနေတာဖြစ်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက အမြဲပြောဆိုလေ့ရှိပါတယ် ထိုင်းမြန်မာနယ်ခြားဒေသတွေမှာ မူးယစ်နိမ်နင်းရေးတွေ တိုးမြင့်လုပ်ဆောင်လနေတဲ့အတွက် ဒီလ ပိုင်းတွေအတွင်မှာ ထိုင်းနိုင်ငံ အတွင်းပိုင်း ဒေသတွေဆီ အလုံးအရင်းရွေပြောင်းသယ်ဆောင် လာနေတာဖြစ်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေကဆိုပါတယ်
မကြာခနဆိုသလို ထိုင်းဘက်က စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ UWSA ၀ တပ်ဖွဲကတော့ ထိုင်းဘက်ကစွပ်စွဲသလို မဟုတ်ကြောင်း အဲဒီဒေသဘက်မှာ ဝတပ်ဖွဲတွေ အခြေချတာမရှိဘူးလိုလည်း ရှမ်းပြည်လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးရဲ့ ဒုတိယတာဝန်ခံဦး ညီရမ်းကတော့ VOA က ဆက်သွယ်စဉ်မှာ ပြောပြခဲ့တာပါ။
ပြီးခဲ့တဲ့ရက်တွေကပဲ မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံထဲကိုတင်ပိုလိုက်တဲ့ကုန်သေတ္တာ containor တခုအတွင်းမှာ ကာလတန်ဖိုးအားဖြင့် မလေး ရင်းဂစ် ၇၁ သန်း တန်ဖိုးရှိတဲ့ မူးယစ်စိတ်ကြွဆေး ၁၁၈၆ ကီလိုကို မလေးရှားနိုင်ငံမှာ အများဆုံးဖမ်းမီခဲ့တယ်လို့ မလေးအာဏာပိုင်တွေက ပြောပါတယ်။
စိတ်ကြွဆေးနေနဲ့ ပတ်သက်လို့ အာရှနိုင်ငံအတွင်းမှာ အဓိက ထုတ်လုပ်ရောင်းချနေတာတွေကြီးထွားလာနေတဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကိုခြိမ်းခြောက်မူအသွင်ဖြစ်နေတယ်လိုလည်း ကုလမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မူဆိုင်ရာရုံး UNODC ကလည်းပြောဆိုထားပါတယ်။ ထိုင်းနိုင်ငံမှာတော့ ထိုင်း-မြန်မာနယ်စပ်လမ်းတွေကနေ ဝင်ရောက်လာနေတဲစိတ်ကြွဆေးတွေကြောင် ့ မေလ အတွင်းမှာပဲ စိတ်ကြွဆေး သန်း ၂၀ကျော်လောက်ဖမ်းဆီးခဲ့တာပါ ထိုင်းနိုင်ငံကတော့ သူတို့နိုင်ငံဟာမူယစ်ဆေးဝါးနဲ့ ပတ်သက်လို့စိန်ခေါ်မူတွေရင်ဆိုင်နေရတယ် ဒီအတွက် မြန်မာအစိုးရနဲပူးပေါင်းပြီး ဆက်တိုက်ဖမ်းဆီးတိုက်ဖျက်မူတွေ အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5