[[Zawgyi/Unicode]]
အမေရိကန်တရားရေးဌာနက တရုတ်ထောက်လှမ်းရေးအရာရှိနှစ်ယောက်ကို လျှို့ဝှက်သတင်းတွေ ခိုးယူမှု နဲ့ တရားစွဲဆိုလိုက်ပါတယ်။ ဟွာဝေးကုမ္ပဏီအပေါ် အမေရိကန်အစိုးရက တရားစွဲဆိုခဲ့ရာမှာ အဲဒီအမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ရရှိဖို့အတွက် အဆိုပါ တရုတ်ထောက်လှမ်းရေးအရာရှိ နှစ်ယောက်ဟာ အထူးစုံစမ်းထောက်လှမ်းရေးဌာန အက်ဘ်ဘီအိုင်မှာ အလုပ်လုပ်နေသူတယောက်ကို သိမ်းသွင်း စည်းရုံးခဲ့တယ်လို့ တရားရေးဌာနရဲ့ စွဲဆိုချက်က ဆိုပါတယ်။ တကယ်တော့ အဲဒီ အက်ဖ်ဘီအိုင် ဝန်ထမ်းဟာ တန်ပြန်ထောက်လှမ်းရေး ဝန်ထမ်းတယောက် ဖြစ်နေပါတယ်။
တရားရေးဌာနက တရုတ်နိုင်ငံသား ၁၃ ယောက်ကို အမှုသုံးမှုခွဲ တရားစွဲဆိုထားပါတယ်။ ခုအမှုမှာပါဝင်သူနှစ်ယောက်က Dong He နဲ့ Zheng Wang တို့ ဖြစ်ကြပြီး တရုတ်ပြည်မှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။
ဟွာဝေးကုမ္ပဏီဟာ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးကိုခြိမ်းခြောက်နိုင်တဲ့ နည်းပညာတွေရှိတယ်လို့ အမေရိကန်အစိုးရကရှုမြင်ပါတယ်။
“နည်းပညာကဏ္ဍကအမေရိကန်ကုမ္ပဏီတွေ ပြုတ်သွားအောင် တရုတ်အစိုးရရဲ့အဆင့်အသီးသီးမှာ လိမ်လည်၊ လှည့်ဖျား၊ ခိုင်းယူတာတွေကို ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်နေတာ ကျနော်တို့ တွေ့ရပါတယ်” လို့ အက်ဘ်ဘီအိုင် ညွှန်ကြားရေးမှူး Christopher Wray က အက်ဖ်ဘီအိုင်ရဲ့ အင်တာနက်စာမျက်နှာမှာ ပြောထားပါတယ်။
တရုတ်စိုးရဟာ လယ်ယာစိုက်ပျိုးရေးကနေ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေအထိ စီးပွါးရေးကဏ္ဍစုံ၊ တရုတ်- အမေရိကန် အသိုက်အဝန်း၊ ပညာတတ်အသိုက်အဝန်းနဲ့ ကမ္ဘာတဝှမ်းက အမေရိကန်ရဲ့ မိတ်ဘက်တွေကို ပစ်မှတ်ထားပြီး နည်းပညာရယူဖို့ ကြိုးစားနေတယ်လို့လည်း အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူးရဲ့ ရှင်းလင်းချက်မှာ ဆိုပါတယ်။
Your browser doesn’t support HTML5
==========
[[Unicode]]