(Zawgyi / Unicode)
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့ COVID-19 ရောဂါ ကူးစက်သူ နောက်ထပ် ၆ ဦး ထပ်မံတွေ့ရှိကြောင်းနဲ့ အခုဆိုရင် မြန်မာနိုင်ငံတဝန်းမှာ ဒီရောဂါကူးစက်သူ ၄၅၀ အထိ ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ သြဂုတ်လ ၂၃ ရက်နေ့ ည ၈ နာရီက ထုတ်ပြန်ပါတယ်။
စစ်တွေပြည်သူ့ဆေးရုံကြီး ဓာတ်ခွဲနမူနာ ၄၁ ခု အပါအဝင် ဓာတ်ခွဲနမူနာ ၉၀၅ ခုကို ဒီနေ့ စစ်ဆေးတာမှာ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်သူ ၆ ယောက်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အခုရောဂါပိုးတွေ့ရှိတဲ့ ၆ ယောက်စလုံးဟာ အမျိုးသမီးတွေဖြစ်ပြီး အသက် ၁၈ နှစ်ကနေ ၄၇ နှစ်ကြား ဖြစ်တယ်လို့ ပြောပါတယ်။ သူတို့ ၆ ယောက်စလုံး ပြည်ပ ခရီးသွားရာဇဝင် မရှိပေမယ့် လူနာအမှတ် ၄၄၆ ကတော့ ရောဂါအတည်ပြုလူနာ ၂ ယောက်နဲ့ ထိတွေ့မှုရှိသူဖြစ်တယ်လို့ ပြောပါတယ်။
ဒီထဲက ၅ ယောက်ကတော့ ရောဂါကူးစက်နိုင်ချေများတဲ့ အုပ်စုထဲမှာ ပါဝင်သူတွေဖြစ်ပြီး ၁ ယောက်က စောင့်ကြည့်လူနာ ဖြစ်ပါတယ်။ သူတို့ ၆ ယောက်စလုံးကို စစ်တွေ ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က ပြည်တွင်းကူးစက်သူ ၁ ယောက်ကို တွေ့ရှိရာကနေ စစ်တွေမြို့မှာ ကူးစက်မှုတွေ မြင့်တက်လာနေတာ ဖြစ်ပါတယ်။
SEE ALSO: ရခိုင်အတွက် ကိုဗစ် စမ်းသပ်ပစ္စည်းတွေနဲ့ ဆေးဝန်ထမ်း အင်အားဖြည့်အခုလို စစ်တွေမြို့မှာ ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် ရန်ကုန်-စစ်တွေ လေယာဉ်ခရီးစဉ်တွေကို ရပ်နားထားသလို မန္တလေး-စစ်တွေ မော်တော်ယာဉ်လိုင်းတွေကိုလည်း ရပ်နားထားပါတယ်။ စစ်တွေမြို့ကနေ မန္တလေးတိုင်းကို လာတဲ့လူတွေအနေနဲ့ ကွာရန်တင်း ၂၁ ရက် ဝင်ရမှာဖြစ်ပါတယ်။
လက်ရှိ နိုင်ငံတွင်း ရောဂါအတည်ပြု လူနာဟောင်းတွေထဲမှာတော့ ၂ ကြိမ်ဆက် ပိုးမတွေ့သူ နောက်ထပ် ၃ ဦး ထပ်တွေ့တာကြောင့် ရောဂါသက်သာ ပျောက်ကင်းလာသူ ၃၄၁ ဦးရှိပြီး ဒီထဲက ၃၃၅ ဦးကို ဆေးရုံက ဆင်းခွင့်ပြုပြီး သတ်မှတ်ထားတဲ့ နေရာတွေမှာ ဆက်ပြီးတော့ အသွားအလာ ကန့်သတ်စောင့်ကြည့်နေပါတယ်။
အခုချိန်ထိတော့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၆ ဦးရှိတယ်လို့ အတည်ပြုထားပြီး မနေ့ သြဂုတ်လ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီကနေ ဒီနေ့ နေ့လယ် ၁၂ နာရီအထိ နောက်ထပ် စောင့်ကြည့်လူနာသစ် ၂၈ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
Your browser doesn’t support HTML5
----------------------------
(Unicode)
SEE ALSO: COVID-19 ကူးစက်သူ များလာတဲ့ ရခိုင်မှာ စမ်းသပ်ကုသရေး အကန့်အသတ်ရှိပွီးခဲ့တဲ့ သွဂုတျလ ၁၆ ရကျနေ့က ပွညျတှငျးကူးစကျသူ ၁ ယောကျကို တှေ့ရှိရာကနေ စဈတှမွေို့မှာ ကူးစကျမှုတှေ မွင့ျတကျလာနတော ဖွဈပါတယျ။