အမေရိကန်က ခရီးသွားတွေ လာရောက်ခွင့် ဥရောပ ဆက်ကန့်သတ်

Your browser doesn’t support HTML5

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီးယူ ဥရောပသမဂ္ဂ အနေနဲ့ လပေါင်းများစွာ နယ်စပ်တွေ ကို ပိတ်ထားခဲ့တာမှာ ဇူလိုင်လမှာတော့ ဘေးကင်းတယ်လို့ ထင်ရတဲ့ နိုင်ငံ ၁၄ ခုက ခရီးသွားတွေကို ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီစာရင်းထဲမှာ ပြည်နယ်တချို့မှာ ရောဂါကူးစက်မှုတွေ ပြန်တိုးနေတဲ့ အမေရိကန် နိုင်ငံတော့ မပါဝင်ပါဘူး။