(Zawgyi / Unicode)
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖော်ထုတ်နိုင်ရေး လူတွေနဲ့စမ်းသပ်မှု ဒုတိယအဆင့်ကို စတင်လိုက်ပြီဖြစ်ကြောင်း တရုတ် ဆေးပညာသိပ္ပံ၊ ဇီဝဆေးပညာဌာန (IMBCAMS) က တနင်္ဂနွေနေ့က ပြောပါတယ်။
ဒီအဆင့်မှာ ဆေးစွမ်း ထိရောက်မှုနဲ့ အန္တရာယ်ကင်းကင်း အသုံးပြုနိုင်ဖို့ကို သုတေသန ပညာရှင်တွေ ဆက်လက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
တကမ္ဘာလုံး အတိုင်းအတာနဲ့ လူတွေနဲ့ စမ်းသပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၁၂ မျိုးလောက်ရှိနေပေမယ့် စမ်းသပ်မှုတွေက နောက်ဆုံး အတည်ပြုချက်ယူပြီး ရောင်းချခွင့်ရတဲ့ တတိယဆင့်ထိတော့ အောင်မြင်မှု မရရှိသေးပါဘူး။
SEE ALSO: ကိုဗစ် ကာကွယ်ဆေးထုတ်နိုင်ရေး တိုးတက်မှုရှိကြောင်း WHO ပြောIMBCAMS က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဒုတိယဆင့်အနေနဲ့ စနေနေ့က လူတွေမှာ စမ်းသပ် ထိုးပေးခဲ့တာပါ။
လက်ရှိ တရုတ်သိပ္ပံပညာရှင်တွေ စမ်းသပ်နေတဲ့ ကာကွယ်ဆေးက ၆ မျိုးလောက် ရှိပါတယ်။ မေလတုန်းက ပထမဆင့် စမ်းသပ်မှုမှာ လူ ၂၀၀ လောက်ကို စမ်းသပ်ထိုးပေးခဲ့တာဖြစ်ကြောင်း တနင်္ဂနွေနေ့က ဆေးပညာသိပ္ပံ လူမှုကွန်ရက် သတင်းတွေမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံကနေ စတင်ကူးစက် ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် တကမ္ဘာလုံး လူပေါင်း ၈ သန်းကျော် ရောဂါကူးစက်ခံရပြီး ၄ သိန်းခွဲကျော် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
--------------------------------
(Unicode)
SEE ALSO: COVID-19 ကာကွယ်ဆေး သန်း ၂,၀၀၀ ရှေ့နှစ်ကုန်ရနိုင်ဖို့ WHO မေ ျှာ်လင့်IMBCAMS က ကိုရိုနာဗိုငျးရပျဈ ကာကှယျဆေး ဒုတိယဆင့ျအနနေဲ့ စနနေေ့က လူတှမှော စမျးသပျ ထိုးပေးခဲ့တာပါ။