ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်မှာ သေဆုံးသူ ၁၇၀၀ ကျော်ပြီ

ဝူဟန်မြို့ ဆေးရုံတခုတွင် လူနာမှတ်တမ်း ကြည့်ရှုစစ်ဆေးနေသည့် ကျန်းမာရေးဝန်ထမ်းများ။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ် အဆိုးဆုံး ကူးစက်ပျံ့နှံ့နေရာ တရုတ်နိုင်ငံ ဟူးဘေပြည်နယ်မှာ တနင်္လာနေ့က ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် လူ ၁၀၀ ထပ်မံ သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ အရေအတွက် ၁,၇၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ဟူးဘေပြည်နယ်မှာပဲ နောက်ထပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၁,၉၃၃ ဦး ထပ်မံတွေ့ရှိရကြောင်း ပြည်နယ်ကျန်းမာရေး ကော်မရှင်ရဲ့ မကြာခင်ကထုတ်တဲ့ နေ့စဉ်စာရင်းမှာ ဖော်ပြထားပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရမှုက သုံးရက်ဆက်တိုက် လျော့ကျလာတယ်လို့ တရုတ်ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောဆိုထားပေမယ့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါရဲ့ ရှေ့အလားအလာကို မခန့်မှန်းနိုင်သေးဘူးလို့ တနင်္ဂနွေနေ့မှာပဲ သတိပေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး လူထုကြား စိုးရိမ်ကြောက်လန့်မှု မဖြစ်စေဘဲ အပြည့်အ၀ သတင်းပေးနိုင်ရေးအတွက် အစိုးရတွေ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း WHO အကြီးအကဲက ဂျာမနီနိုင်ငံ မြူးနစ် လုံခြုံရေးညီလာခံအတွင်း တိုက်တွန်းသွားပါတယ်။

တရုတ်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ တရုတ်ကျွမ်းကျင်သူတွေ တရုတ်နိုင်ငံမှာ စပြီး တွေ့ဆုံ ဆွေးနွေးနေပြီလို့လည်း WHO က တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ပြောဆိုထားပါတယ်။

------------------------------------------

(Unicode)







Your browser doesn’t support HTML5

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်မှာ သေဆုံးသူ ၁၇၀၀ ကျော်ပြီ