တရုတ်နိုင်ငံ ဇီချွန်ပြည်နယ်မှာ ငလျင်ကြောင့် အနည်းဆုံး ၂၁ ဦးသေ 

In this photo provided by China's Xinhua News Agency, fallen rocks are seen on a road near Lengqi Town in Luding County of southwest China's Sichuan Province, Sept. 5, 2022. (Xinhua via AP)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း မှာ တနင်္လာနေ့က အင်အားပြင်း ငလျင်လှုပ်ခတ်ပြီး အနည်းဆုံးလူ ၂၁ ဦးသေဆုံးခဲ့တယ်လို့ တရုတ် နိုင်ငံပိုင် သတင်းဌာန က ကြေညာပါတယ်။ Sichuan ပြည်နယ်မှာ အဲဒီနေ့ နေလည်ပိုင်းလောက်က  ပြင်းအား ၆ ဒသမ ၈ အဆင့် ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ 

တရုတ်နိုင်ငံ ဇီချွန်ပြည်နယ်မှာ ငလျင်ကြောင့် အနည်းဆုံး ၂၁ ဦးသေ

{{Zawgyi/Unicode}}

မကြာခဏ ငလျင်ဒဏ် ခံရလေ့ရှိတဲ့ ဇီချွန်ပြည်နယ်မှာ အခုနောက်ဆုံး လှုပ်ခတ်တဲ့ ငလျင်ကြောင့် လျှပ်စစ်မီးတွေ ပြတ်တောက်၊ အိမ်တွေပျက်စီးပြီး မြေတွေပြိုကျ ကုန်တယ်လို့လည်း နိုင်ငံပိုင် တရုတ်ဗဟိုသတင်းဌာနက ဖော်ပြကြပါတယ်။

ငလျင်ရဲ့ ဗဟိုချက် ကနေ ၁၂၅ မိုင်လောက် အကွာမှာရှိတဲ့ ပြည်နယ် မြို့တော် ချန်ဒူး မြို့အထိ လှုပ်ခတ်ခဲ့ပါတယ်။

၂ဝဝ၈ ခုနှစ်ကလည်း အဲဒီ ပြည်နယ်မှာ ပြင်းအား ၈ အဆင့်ရှိတဲ့ ငလျင်လှှုပ်ခတ်ခဲ့တဲ့အတွက်ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ကြပါတယ်။

Your browser doesn’t support HTML5

တရုတ်နိုင်ငံ ဇီချွန်ပြည်နယ်မှာ ငလျင်ကြောင့် အနည်းဆုံး ၂၁ ဦးသေ

..........................................................


{{Zawgyi/Unicode}}


