ရီးယဲလ်နဲ့ လီဗာပူးလ် ခြေကုန်နွှဲရမယ့် ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲ

ချန်ပီယံလိဂ်ဗိုလ်လုပွဲကန်မည့် ကိယက်ဗ်မြို့ရှိ ဘောလုံးကွင်း အပြင်ဘက်မြင်ကွင်း။ ၂၅ မေ ၂၀၁၈။

မြန်မာစံတော်ချိန် တနင်္ဂနွေမနက် လင်းအားကြီး ၁ နာရီ ၁၅ မိနစ်မှာ ဥရောပ ထိပ်သီးအသင်းနှစ်သင်းဖြစ်တဲ့ လီဗာပူးလ်နဲ့ ရီးယဲလ် မက်ဒရစ်တို့ ၂၀၁၈ ခုနှစ်၊ UEFA ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

နှစ်သင်းစလုံးဟာ အတွေ့အကြုံရင့်ကျက်တဲ့ အသင်းကြီးတွေဖြစ်ကြတာကြောင့် ဒီပွဲဟာ အကျိတ်အနယ်ဖြစ်မယ်လို့ အားကစား ကလောင်ရှင် အများအပြားက သုံးသပ်ကြပါတယ်။ နှစ်သင်းစလုံးမှာ တိုက်စစ်မှူးကောင်းတွေနဲ့ တခြား ဝါရင့်ကစားသမားတွေ ရှိနေကြတာကြောင့်လည်း ဒီဗိုလ်လုပွဲဟာ တသင်းသင်းက တဘက်သတ် အသာစီးနဲ့ တိုက်စစ်ဆင်ကစားနိုင်မယ့် အနေအထား မျိုးတော့ မရှိပါဘူး။

ချန်ပီယံလိဂ် အစဉ်အလာအရကြည့်မယ်ဆိုရင်တော့ ရီးယဲလ် မက်ဒရစ်အသင်းက လီဗာပူးလ်အသင်းထက် အောင်မြင်မှု ပိုရထား တာကိုတွေ့ရမှာပါ။ ချန်ပီယံလိဂ်ဖလားကို ၁၂ ကြိမ်ရထားဖူးတဲ့ ရီးယဲလ်အသင်းဟာ လက်ရှိမှာလည်း နှစ်နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ထားပြီး ဒီတကြိမ်သာ ထပ်ဗိုလ်စွဲမယ်ဆိုရင် တခြား ဘယ်အသင်းမှ မရဘူးသေးတဲ့ ချန်ပီယံလိဂ်ဖလားကို သုံးကြိမ်ဆက်တိုက် အနိုင်ရတဲ့ ပထမဆုံးအသင်း ဖြစ်လာပါလိမ့်မယ်။

လီဗာပူးလ်အသင်းကတော့ ချန်ပီယံလိဂ်ဖလားကို ငါးကြိမ်ရဖူးပြီး အခုတကြိမ်ဟာ ခြောက်ကြိမ်မြောက် ဖလားအတွက် ယှဉ်ပြိုင်ရ မှာဖြစ်ပါတယ်။ ဒီ့မတိုင်ခင် ဗိုလ်လုပွဲအဆင့်ကို နောက်ဆုံးရောက်ခဲ့တာက ၂၀၀၆-၂၀၀၇ ဘောလုံးရာသီမှာပါ။

လီဗာပူးလ်တိုက်စစ်မှူး ဆာလားနှင့် လီဗာပူးလ်ပရိသတ်။ ၂၅ မေ ၂၀၁၈။

ဒီပွဲဟာ ရီးယဲလ်အသင်းရဲ့ အဓိကတိုက်စစ်မှူး စီရော်နယ်လ်ဒိုနဲ့ လီဗာပူးလ်ရဲ့ အဓိကတိုက်စစ်မှူး မိုဟာမက်ဒ် ဆာလားတို့ကြား အဓိက ခြေကုန်ထုတ် အားပြိုင်ကြရမယ့်ပွဲအဖြစ်လည်း သုံးသပ်သူအများအပြားက မြင်ကြပါတယ်။

ဗိုလ်လုပွဲအကြို လေ့ကျင့်ခန်းတွင်တွေ့ရသည့် ရီးယဲလ်တိုက်စစ်မှူး ရိုနယ်လ်ဒို။ ၂၅ မေ ၂၀၁၈။

Your browser doesn’t support HTML5

ရီးယဲလ်နဲ့ လီဗာပူးလ် ခြေကုန်နွှဲရမယ့် ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲ