အမေရိကန်နဲ့ မြန်မာအကြား စီးပွားရေးအခွင့်အလန်းတွေ ပွင့်လာမယ့် အလားအလာရှိနေချိန် စီးပွားရေးလုပ်ငန်းရှင်တွေဘက်မှာ စိုးရိမ်ချက်တချို့ရှိနေပါတယ်။
အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာ့စီးပွားရေးလောကရဲ့ အဖြစ်အပျက် အခြေအနေတွေကို အမှန်အတိုင်းသိအောင် လုပ်သင့်တယ်လို့ ရန်ကုန်မြို့အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အဲဒီလို သိအောင်လုပ်တဲ့နေရာမှာလည်း သက်ဆိုင်ရာအသင်းတွေသာမက သီးခြားလွတ်လပ်တဲ့ ကုန်သည် စီးပွားရေးလုပ်ငန်းရှင်တွေ ရဲ့ အသံတွေကိုလည်း နားထောင်သင့်တယ်လို့ အကြံပေးပါတယ်။
အမေရိကန်စီးပွားရေးလုပ်ငန်းကြီးတွေက ကိုယ်စားလှယ် တွေ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြန်မာနိုင်ငံဆီလာသွားခဲ့ပြီး မြန်မာနိုင်ငံနဲ့ ကုန်သွယ် ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံ ရေးကိစ္စတွေ ဆွေးနွေးခဲ့တဲ့အပေါ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမင်းခင်ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ဆက်ထားပါတယ်။