ငလျင်ဒဏ်သင့်ဆီးရီးယား သူပုန်ထိန်းချုပ်နယ် ကုလအကူညီရောက်ပြီ

Syria Turkey Earthquake Aid

[[Zawgyi/Unicode]]

ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းက အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ဒေသမှာရှိတဲ့ နယ်စပ်ဂိတ်ကို ဆီးရီးယားအစိုးရက ပြန်ဖွင့်ပေးလိုက်တဲ့အတွက် ကုလသမဂ္ဂအကူအညီပေးရေး မော်တော်ယာဉ်တန်းဟာ အင်္ဂါနေ့မှာ အဲဒီဒေသကိုသွားရောက်နိုင်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က လူပေါင်း ၄ သောင်းလောက် သေဆုံးခဲ့ရတဲ့တူရကီနဲ့ ဆီးရီးယားနယ်စပ်ဒေသတွင်း ငလျင်ဒဏ်ကို ဆီးရီးယားနိုင်ငံဘက်က အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားတဲ့ဒေသမှာလည်း ခံစားခဲ့ရတာ ဖြစ်ပြီး သေကြေပျက်စီးမှုတွေရှိပေမယ့် အကူအညီတွေကောင်းကောင်းမရဘဲ ဖြစ်နေတာပါ။

အခု ဆီးရီးယားအစိုးရက Bab al-Salama နယ်စပ်ဂိတ်ကနေ ကုလသမဂ္ဂရဲ့အကူအညီပေးရေး ယာဉ်တန်းဖြတ်သန်းခွင့်ပြုလိုက်ပြီးတဲ့နောက်မှာ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ကုန်ကား ၁၁ စီးဟာ တူရကီနိုင်ငံဘက်ကနေ ဆီးရီးယားနိုင်ငံထဲကို ဝင်ရောက်နိုင်ပြီဖြစ်ပါတယ်။ ဒီယာဉ်တွေပေါ်မှာ လူသားစာနာမှုဆိုင်ရာ မရှိမဖြစ်လိုအပ်တဲ့ အမိုးအကာတွေ ၊ မွေ့ယာတွေ၊ ကော်ဇော်တွေနဲ့ ခြုံစောင်တွေပါ ပါဝင်တယ်လို့ ကုလသမဂ္ဂ ရဲ့နိုင်ငံတကာ ပြောင်းရွေ့အခြေချရေးဆိုင်ရာအဖွဲ့ IOM ပြောရေးဆိုခွင့်ရှိသူ Paul Dillon က ပြောပါတယ်။ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာလည်း တူရကီကနေ ဆီးရီးယားက သူပုန်တွေထိန်းချုပ်ထားတဲ့ နယ်မြေထဲကို ပထမဆုံးအကြိမ် သွားရောက်နိုင်ခဲ့ပါတယ်။

ဆီးရီးယားအစိုးရထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ နိုင်ငံတကာက လေယာဉ်တွေနဲ့ အကူအညီတွေလာရောက်ပေးနိုင်ကြပေမယ့် သူပုန်တွေထိန်းချုပ်ထားတဲ့ နယ်မြေတွေအတွက်တော့ အကူအညီပေးရေးမှာ နှေးကွေးနေတယ်လို့ ဒေသတွင်းရှိတက်ကြွလှုပ်ရှားသူတွေနဲ့ အရေးပေါ်ဆိုင်ရာအဖွဲ့အစည်းတွေက ကုလသမဂ္ဂကို အပြစ်တင်ဝေဖန်နေကြတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ငလျင်ဒဏ်သင့်ဆီးရီးယား သူပုန်ထိန်းချုပ်နယ် ကုလအကူညီရောက်ပြီ.mp3

================

[[Unicode]]




