ကလေးရှိတဲ့ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းကထွက်လာကြတာ ပိုလို့များလာတယ်လို့ အကူအညီပေးရေး အဖွဲ့တွေ က ပြောကြပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် ဒီလို လှေတွေနဲ့ ထွက်လာကြတာ အများစု က အမျိုးသားလူငယ်တွေ ဖြစ်ကြပါတယ်လို့ ရခိုင်စီမံချက်အဖွဲ့က ဒါရိုက်တာ ခရစ္စ လဲဝါ (Chris Lewa) က ပြောပါတယ်။ ဒီလှေတွေက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကမ်းခြေတွေကနေ လာကြတာပါ။
မြန်မာနိုင်ငံကို ပြန်ဖို့ ဒါမှမဟုတ် တတိယနိုင်ငံမှာအခြေချနိုင်ဖို့ မျှော်လင့်ချက်ကလည်း မှေးမှိန်လာ၊ ဒုက္ခသည်စခန်းရဲ့ဘဝကလည်း ကြမ်းတမ်းလာတာနဲ့အမျှ ကလေးတွေကိုပါခေါ်ပြီး မိသားစုတစုလုံး တခါတလေ ဆွေမျိုးတသိုက်လုံး ပင်လယ်ခရီးကို လှေငယ်တွေနဲ့ စွန့်စား ဖြတ်လာကြတာဖြစ်ပါတယ်။ ဒီလ အင်ဒိုနီးရှား အာချေး ကမ်းခြေကိုရောက်လာတဲ့ ရိုဟင်ဂျာ ၁,၀၈၄ ဦး အနက် ၃၆၀ က ကလေးတွေဖြစ်ကြပြီး ၂၉၂ ယောက်က အမျိုးသမီးနဲ့ ၂၃၈ ယောက်က အမျိုးသားတွေဖြစ်ကြတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များစာရင်းက ဆိုပါတယ်။
ဒီနှစ် လှေ ၃၄ စင်းနဲ့ ထွက်လာကြတဲ့ ရိုဟင်ဂျာ ၃,၅၇၂ ယောက် ရှိပြီး ၃၁ ရာနှုန်း က ကလေးတွေ ဖြစ်ကြပါတယ်။ ပင်လယ်ပြင်မှာ အသေအပျောက် အများဆုံးနှစ်ဖြစ်တဲ့ ၂၀၂၂ တုန်းက ထွက်လာသူ ၃,၇၀၅ ယောက် ရှိပြီး ငါးပုံတပုံကပဲ ကလေးတွေ ဖြစ်ကြပါတယ်။ လှေတွေက လူတွေ မတန်တဆတင်ပြီး မြုပ်သွားနိုင်သလို လမ်းမှာ အစာရေစာ ပြတ်တာတွေလည်း ရှိတတ်ပါတယ်။ လူကုန်ကူးသူတွေနဲ့လည်း ကြုံတွေ့သွားနိုင်ပါတယ်။
Your browser doesn’t support HTML5