Amphan မုန်တိုင်းကြောင့် အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်မှာ ၁၄ ဦးထက်မနည်းသေဆုံး

အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် Khejuri ဒေသမှာ Amphan မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အိမ်တလုံး (မေ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ဗုဒ္ဓဟူးနေ့က ဝင်ရောက်တိုတ်ခတ်ခဲ့တဲ့ Amphan ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၁၄ ယောက်ထက်မနည်းသေဆုံးပြီး အိမ်ခြေ ထောင်နဲ့ချီ ပျက်စီးသွားပါတယ်။

အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ရဲ့မြို့တော် Kolkata မြို့မှာ Amphan မုန်တိုင်းအပြီး ရေထဲ နစ်မြှုပ်နေတဲ့ ကားများကို တွေ့ရ။ (မေ ၂၀၊ ၂၀၂၀)

အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ရဲ့မြို့တော် Kolkata မြို့မှာ မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရပြီး မုန်တိုင်းကြောင့် သစ်ပင်တွေလဲတာ၊ ကားမှန်တွေကွဲတာဖြစ်ခဲ့သလို မိုးအပြင်းအထန်ရွာပြီး ရေကြီးခဲ့ပါတယ်။

ဆိုင်ကလုန်းမုန်ုတိုင်း Amphan ဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ချိန်မှာတော့ လေတိုက်နှုန်း တနာရီကို ၁၁၅ မိုင်နှုန်းနဲ့ ဝင်ရောက်တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ်မှာရှိတဲ့ လူ ၅၀၀,၀၀၀ ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Mamata Banerjee က ပြောပါတယ်။ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် မုန်တိုင်းဒဏ်အဆိုးဆုံးခံလိုက်ရတဲ့နေရာတွေက အခြေအနေတွေကို မသိနိုင်သေးဘူးလို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ မုန်တိုင်းကြောင့် ၄ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး တချို့ပြည်နယ်တွေမှာတော့ လျှပ်စစ်မီးပြတ်တောက်တာတွေ ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အခုတပတ်အတွင်းမှာ လူ ၂,၅၀၀,၀၀၀ လောက်ကို မုန်တိုင်း ကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းပေးခဲ့ပြီး အဲဒီထဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေလည်း ပါတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

ဒါပေမဲ့လည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ မပျံ့နှံ့ရအောင်လုပ်ဆောင်နေတဲ့အတွက် မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း ရှုပ်ထွေးမှုတွေနဲ့ အခက်အခဲတွေတော့ ရှိနေပါတယ်။ တချို့လူတွေကတော့ ဗိုင်းရပ်စ်ကူးစက်ခံရမှာ စိုးရိမ်တဲ့အတွက် ကယ်ဆယ်ရေးစခန်းတွေကို မသွားချင်ကြဘဲ ဖြစ်နေတယ်လို့ ရဲကပြောပါတယ်။

#voaburmese #amphan #kolkata #westbengal #coronavirus #bangladesh #rohingya #india #ဗွီအိုအေမြန်မာ #ဆိုင်ကလုန်း #မုန်တိုင်း #သဘာဝဘေး

[Unicode Version]






