ကျားလက်ကလွတ်သွားတဲ့ လယ်သမား
Your browser doesn’t support HTML5
တရုတ်နိုင်ငံ မြောက်ပိုင်း ဟေလုံကျန်းပြည်နယ်၊ ဘိုလီစီရင်စုမှာ လယ်သမားတဦး ဆိုက်ဘီးရီးယားကျားကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်မိတဲ့ ဗွီဒီယိုက အွန်လိုင်းမှာ ပြန့်နှံ့ပြီး လူကြည့်များနေပါတယ်။ ဒီဗွီဒီယို ထွက်လာပြီးနောက်မှာ ဟေလုံကျန်းပြည်နယ်အာဏာပိုင်တွေက ဒေသခံတွေ ကျားအန္တရာယ်အတွက် သတိပေးထားပါတယ်။