TPS ယာယီအကာအကွယ်နဲ့ အမေရိကန်မှာ နေထိုင်ခွင့်
Your browser doesn’t support HTML5
အမေရိကန်ပြည်ထောင်စုမှာ TPS ယာယီအကာအကွယ်ပေးအဆင့်နဲ့ နေထိုင်ခွင့်ကို ရုတ်သိမ်းမယ်လို့ ရီပါဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ပြောထားလို့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြောဆိုဆွေးနွေးစရာတွေ ထပ်တိုးလာနေတာပါ။ လက်ရှိမှာ မြန်မာနဲ့ ယူကရိန်းအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံက လူ ၈သိန်း ၆ထောင်ကျော်ဟာ TPS နဲ့ အမေရိကန်မှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။ ထရမ့်ရဲ့ ကြေညာချက်က ဒီလိုလူတွေအတွက် စိုးရိမ်မှုတွေ ဖြစ်ပေါ်စေပါတယ်။ TPS စနစ်နဲ့ ပတ်သတ်ပြီး သေချာသိရအောင် VOA ရဲ့ ပုံပြရုပ်သံမှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။