ကမ္ဘောဒီးယား တံငါသည်တွေ ငါးရှဉ့်ပြောင်းမွေးလာ

Your browser doesn’t support HTML5

အရှေ့တောင်အာရှ ရဲ့ အကြီးဆုံး Tonle Sap ရေချိုအိုင်ကြီးမှာ တံငါလုပ်ငန်းနဲ့ အသက်မွေး ဝမ်းကျောင်းနေသူတွေက ငါးရှဥ့်မွေးမြူရေးကို ပြောင်းလဲလုပ်ကိုင်တာဟာ ရာသီဥတုဖောက်ပြန်ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးနေတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ အစိုးရအနေနဲ့ကလည်း ငါးရှဥ့် နဲ့ တခြားငါးအမျိုးအစားတွေကို တိုးချဲ့မွေးမြူပြီး ပြည်ပကို တင်ပို့ရာကနေ ငါးဖမ်းလုပ်ငန်းအပေါ်မှီခိုနေကြသူတွေရဲ့ ဝင်ငွေတွေ တိုးတက်လာလိမ့်မယ်လို့ ယူဆနေကြပါတယ်။ ဒီအကြောင်း AP သတင်းတပုဒ်ဆောင်းပါးကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။