သာယာလှပတဲ့ ဖလော်ရီဒါရဲ့ အကျည်းတန်မျက်နှာစာ
အမေရိကန် အရှေ့တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ Helene ဟာရီကိန်းမုန်တိုင်းကြောင့် ဖလော်ရီဒါ ပြည်နယ်က ကမ်းရိုးတန်းမြို့ငယ်လေးဟာလဲ မုန်တိုင်းဒဏ်သင့်ခဲ့ရပါတယ်။ အမေရိကန်အရှေ့တောင်ပိုင်းစွန်းအရပ်က ဖလော်ရီဒါပြည်နယ်ဟာ ပြင်းအားမြင့် ဟာရီကိန်းမုန်းတိုင်းတွေ ကုန်းတွင်းပိုင်းဝင်ရောက်တဲ့ လမ်းကြောင်းမှာရှိပြီး အခုလည်း နောက်ထပ်မုန်တိုင်းကြီးတခု သူတို့ဆီ ဦးတည်လာနေပြန်ပါပြီ။ မြို့ခံတွေကတော့ အခုဝင်ပြီးသွားတဲ့ ဟာရီကိန်းရဲ့ အပျက်အဆီးတွေ ရှင်းလင်းနေရဆဲ ဖြစ်ပါတယ်။ Reuters သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြထားပါတယ်။