ရုရှားနိုင်ငံမှာ လုံခြုံရေးအကူ အလုပ်တခုရမယ်ဆိုပြီး လိမ်လည်လှည့်ဖျားခံရကာ၊ ယူကရိန်းနဲ့တိုက်နေတဲ့ စစ်ပွဲမှာ ရုရှားတပ်သားအဖြစ် စုဆောင်းခံရတဲ့ အိန္ဒိယနိုင်ငံသားတွေထဲက လူငယ်တဦးဟာ အစိုးရရဲ့ကြားဝင်ကူညီပေးမှုကြောင့် မကြာသေးခင်က အိန္ဒိယကို ပြန်ရောက်လာပါတယ်။ အသက်မသေပဲ ပြန်လာတဲ့ သူ့အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ ကက်ရှ်မီးယားဒေသ Srinagar မြို့ကနေ Muheet Ul Islam ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။