ဂါဇာစစ်ပွဲ အပစ်ရပ်ရေး ပိုခက်ခဲလာ
ဂါဇာဒေသတောင်ပိုင်းက ဥမင်လိုဏ်ခေါင်းတခုထဲမှာ အစ္စရေးဓားစာခံ ၆ ယောက် အသတ်ခံထားရတဲ့အလောင်းကို ရှာတွေ့ပြီးတဲ့နောက် အစ္စရေးအစိုးရဖက်က တုန်လှုပ်သွားပြီး ဒေါသတကြီးနဲ့ တုံ့ပြန်ပါတယ်။ ဟာမတ်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မြန်မြန်မလုပ်နိုင်တဲ့ အစ္စရေးအစိုးရကို တချို့က အပြစ်တင်နေပါတယ်။ အစ္စရေးအစိုးရအနေနဲ့ သဘောတူလက်မှတ်မရေးထိုးမချင်း အထွေထွေသပိတ်မှောက်မယ်လို့ အစ္စရေးနိုင်ငံရဲ့အကြီးဆုံး အလုပ်သမားသမဂ္ဂက စက်တင်ဘာလ ၂ ရက်နေ့ တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။ VOA သတင်းထောက် Linda Gradstein ဂျေရုဆလင်မြို့က ပေးပို့တဲ့ သတင်းလွှာကို မအိသန့်စင် တင်ဆက်ထားပါတယ်။