ကရင်ဒေသ စစ်ပွဲတွေနဲ့ အခြေခံပညာရေး စိန်ခေါ်မှု

Your browser doesn’t support HTML5

လက်နက်ကိုင် ပဋိပက္ခတွေ ပိုမို ပြင်းထန်လာနေတဲ့ ကရင်ပြည်နယ်မှာ ကလေးငယ်တွေ အခြေခံပညာ ရရှိအောင် ခက်ခက်ခဲခဲ ကြိုးပမ်းနေရပြီး ဒီလိုကြိုးပမ်းရာမှာ အမျိုးသမီးတွေ အများအပြား အဓိက ပါဝင်ဆောင်ရွက်နေကြတာ ဖြစ်တယ်လို့ ကရင်ပညာရေးနဲ့ ယဥ်ကျေးမှုဌာနရဲ့ အခြေခံပညာရေးဗျူရို အကြီးအကဲ နော်နယူးတန်ပယ်ထွန်း က ပြောပြပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေ ပိုမို ပြင်းထန်လာနေတဲ့ ကရင်ပြည်နယ်မှာ ကလေးငယ်တွေ အခြေခံပညာ ရရှိအောင် ခက်ခက်ခဲခဲ ကြိုးပမ်းနေရပြီး ဒီလိုကြိုးပမ်းရာမှာ အမျိုးသမီးတွေ အများအပြား အဓိက ပါဝင်ဆောင်ရွက်နေကြတာ ဖြစ်တယ်လို့ ကရင်ပညာရေးနဲ့ ယဥ်ကျေးမှုဌာနရဲ့ အခြေခံပညာရေးဗျူရို အကြီးအကဲ နော်နယူးတန်ပယ်ထွန်း က ပြောပြပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းတွေ အများအပြား ထိခိုက် ပျက်စီးခဲ့ရပြီး ပညာရေးအတွက် စိန်ခေါ်မှုတွေ ပိုများလာတယ်လို့လည်း ပြောပါတယ်။ ကရင်ပြည်နယ်တွင်း လက်နက်ကိုင် တိုက်ပွဲတွေကြား ကလေးငယ်တွေ ပညာရေး အဆက်ပြတ် မသွားရအောင် ကြိုးပမ်းနေတဲ့ နော်နယူးတန်ပယ်ထွန်းကို မခင်ဖြူထွေးက ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဆက်သွယ် မေးမြန်းထားပါတယ်။