ရုရှား အမေရိကန် သမိုင်းဝင် အကျဉ်းသားလဲလှယ်မှု
ရုရှားနိုင်ငံမှာ ချုပ်နှောင်ခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသားတွေ ဖြစ်တဲ့ Paul Whelan၊ Alsu Kurmasheva နဲ့ Evan Gershkovich တို့ဟာ မနေ့က ရုရှားနိုင်ငံနဲ့ သမိုင်းဝင် အကျဉ်းသားလဲလှယ်ရေး အစီအစဉ်အရ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ သူတို့အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၆ ယောက်ကို ရုရှားဘက်က ပြန်လွှတ်ပေးခဲ့ပြီး ရုရှားအစိုးရကလည်း သူတို့လူ ဂ ယောက်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲပါတယ်။ VOA သတင်းထောက်တွေဖြစ်တဲ့ Liam Scott, Cristina Caicedo Smit နဲ့ Jessica Jerreat တို့ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဉီး ပြောပြပါလိမ့်မယ်။