မြောက်ကိုရီးယားနဲ့ တရုတ်ရဲ့ ကြီးထွားလာနေတဲ့ ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရချိန်မှာ အမေရိကန်ပြည်ထောင်စုဟာ ဂျပန်၊ တောင်ကိုရီးယား မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး အရှေ့တရုတ်ပင်လယ်ထဲမှာ ပထမဆုံး အကြိမ်အဖြစ် ဘက်စုံ စစ်ရေးလေ့ကျင့်နေတာဟာ စနေနေ့က ပြီးဆုံးခဲ့ပါတယ်။
လေကြောင်း၊ ပင်လယ်ပြင်နဲ့ အွန်လိုင်း ဆိုက်ဘာတိုက်ခိုက်မှုတွေ အပါအဝင် နယ်ပယ်စုံကတိုက်ခိုက်မှုတွေကို ပေါင်းစပ်တုံ့ပြန်နိုင်မယ့် Freedom Edge လို့အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို ၃ ရက်ကြာ လုပ်ခဲ့တာပါ။ အဲဒီမှာ ပူးတွဲပဲ့ထိန်းဒုံးကျည်ကာကွယ်ရေး၊ ရေငုပ်သင်္ဘော စစ်ဆင်ရေး၊ ထောက်လှမ်းရေးနဲ့ အခြားကျွမ်းကျင်မှု စွမ်းရည်တွေ တိုးတက်စေဖို့ ရည်ရွယ်ပြီး လေကြောင်းနဲ့ ရေတပ်လေ့ကျင့်မှုတွေကို တပြိုင်နက်တည်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒါဟာ အရင်က ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို အဆင့်မြှင့်တင်ခဲ့တာလည်း ဖြစ်ပါတယ်။
လာမယ့်နှစ်တွေထဲမှာလည်း တိုးချဲ့ဖို့ မျှော်လင့်ရတဲ့ ဒီ စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားနိုင်ငံက ပိုမိုခေတ်မီတဲ့ ဒုံးကျည် စနစ်တွေ စမ်းသပ်လာနေတာကို တန်ပြန်နိုင်ဖို့ ဒေသတွင်း တောင်ကိုရီးယားနဲ့ ဂျပန် နိုင်ငံတွေရဲ့ စွမ်းရည်ကို မြှင့်တင်ဖို့လည်း ရည်ရွယ်ပါတယ်။
SEE ALSO: နျူအားသုံး ကန်လေယာဉ်တင်သင်္ဘော တောင်ကိုရီးယားကိုရောက်ဒီလို အဆင့်မြင့် စစ်ရေးလေ့ကျင့်မှုတွေကြောင့် တင်းမာမှုတွေလည်း တိုးလာနိုင်ပြီး ဒေသတွင်းက အင်အားကြီး တရုတ်က အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ လေ့ကျင့်မှုတွေကို မကြာခဏဆိုသလို ရှုတ်ချလေ့ရှိပါတယ်။ အခု ပြီးဆုံးခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်နိုင်ဖို့ အမေရိကန်ရဲ့ သီအိုဒိုရုစဗဲ့ (Theodore Roosevelt) နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီး တောင်ကိုးရီးယား ရေတပ်ဌာနချုပ်ရှိရာ ဘူဆန်ဆိပ်ကမ်းကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဆိုက်ရောက်လာချိန်မှာလည်း ဒါဟာ "ရန်စ" ပြီး"အန္တရာယ်" ရှိတဲ့ ခြိမ်းခြောက်မှု လုပ်ရပ်လို့ မြောက်ကိုရီးယားက ချက်ချင်း ပြစ်တင်ခဲ့ပါတယ်။
တပြိုင်တည်းမှာပဲ ၁၉၉၄ နောက်ပိုင်း အမေရိကန်လေယာဉ်တင်သင်္ဘော တစီးပေါ်တက်ရောက်ခဲ့တဲ့ ပထမဆုံး တောင်ကိုရီးယားသမ္မတ အဖြစ် လက်ရှိ သမ္မတ ယွန်းဆော့ယော တယောက် ရုစဗဲ့ သင်္ဘောကြီး ကို သွားရောက် လည်ပတ်ပြီးနောက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ မြောက်ကိုရီးယားက ထိပ်ဖူး အများအပြား တပ်ဆင်ထားတဲ့ ဒုံးကျည်တစင်းကို ပထမဆုံးအကြိမ် စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားနဲ့ အမေရိကန် အာဏာပိုင်တွေရဲ့ အကဲဖြတ်ချက်အရ မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှု မအောင်မြင်ကြောင်း တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5