D-Day နှစ် ၈၀ ပြည့် အထိမ်းအမှတ်

ပြင်သစ်မြောက်ပိုင်း အူတာကမ်းခြေကို ဝေဟင်ကနေ လေထီးတပ်သားတွေ ဆင်းသက်လာကြတာပါ။ ဒုတိယကမ္ဘာစစ်အတွင်း နော်မန်ဒီဒေသ ကမ်းခြေတွေကို မဟာမိတ်တပ်ဖွဲ့တွေ ဆိုက်ရောက်တဲ့ နှစ် ၈၀ ပြည့် ဒီဒေးအခမ်းအနား အထိမ်းအမှတ် ဖြစ်ပါတယ်။ ဇွန် ၆၊ ၂၀၂၄

ဒုတိယကမ္ဘာစစ်အတွင်း ဒီ-ဒေးနေ့ နော်မန်ဒီကမ်းတက်တိုက်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် ကနေဒါနိုင်ငံရဲ့ ဂုဏ်ပြုပွဲမှာ ပြင်သစ်ဝန်ကြီးချုပ် ဂေဘရီရယ် အာတဲလ် (ဝဲ)၊ ဗြိတိန်အိမ်ရှေ့စံ ဝေလမင်းသား ဝီလျံ (အလယ်)၊ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး (ယာ)တို့ လွမ်းသူ့ပန်းခွေ ချခဲ့ကြပါတယ်။ အခမ်းအနားကို ပြင်သစ်အနောက်မြောက်ပိုင်း Courseulles-sur-Mer ကူဆဲလ် ဆုမဲဟ်ရွာအနီး Juno ဂျူနီကမ်းခြေစခန်းသာမှာ ကျင်းပခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ နော်မန်ဒီဒေသ Courseulles-sur-Mer ကူဆဲလ် ဆုမဲဟ်ရွာအနီး Juno ဂျူနီကမ်းခြေမှာ ကျင်းပခဲ့တဲ့ ကနေဒါအစိုးရရဲ့ ဂုဏ်ပြုပွဲနဲ့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး၊ ဗြိတိန်အိမ်ရှေ့စံ ဝေလမင်းသား ဝီလျံနဲ့ ပြင်သစ်ဝန်ကြီးချုပ် ဂေဘရီရယ် အာတဲလ်တို့ နှစ် ၈၀ ပြည့် ဒီ-ဒေးနေ့ အထိမ်းအမှတ် ကျင်းပခဲ့ကြပါတယ်။

အူတာကမ်းခြေမှာကျင်းပတဲ့ ဒီ-ဒေးနေ့ နှစ် ၈၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်လာသူတချို့ ဒုတိယကမ္ဘာစစ် အမေရိကန်တပ်သားဝတ်စုံတွေနဲ့ ဝီလီဂျစ်ကားနဲ့ ရောက်လာခဲ့ကြပါတယ်။ ဇွန် ၆၊ ၂၀၂၄

အူတာကမ်းခြေမှာကျင်းပတဲ့ ဒီ-ဒေးနေ့ နှစ် ၈၀ ပြည့်အထိမ်းအမှတ် အခမ်းအနားမှာ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်တပ်သားဝတ်စုံမျိုးတွေဝတ်ဆင် ချီတက်ပြီး အောက်မေ့ဖွယ် အခမ်းအနား ကျင်းပခဲ့ပါတယ်။ ဇွန် ၆၊ ၂၀၂၄

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဗြိတိန်စစ်ပြန်စောင့်ရှောက်ရေးအဖွဲ့တို့ ဦးစီးကျင်းပတဲ့ ဒီ-ဒေး ကမ်းတက်တိုက်ပွဲ နှစ် ၈၀ ပြည့် အခမ်းအနားကို Ver-sur-Mer ဗဲဆုမဲဟ်ရွာအနီး ဒုတိယကမ္ဘာစစ် ဗြိတိသျှနော်မန်ဒီအထိမ်းအမှတ်ဗိမာန်မှာ ကျင်းပခဲ့ရာမှာ ဒီ-ဒေးစစ်ပြန်ကြီးတဦး လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ပါတယ်။ ဇွန် ၆၊ ၂၀၂၄

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ကရွန်၊ သမ္မတကတော် ဘရစ်ဂျစ် မက်ကရွန်နဲ့ ဗြိတိန် ဘုရင် တတိယမြောက်ချားလ်ဘုရင်တို့ ဗြိတိသျှ ဒီ-ဒေးစစ်ပြန်ကြီးတွေကို တွေ့ဆုံနှုတ်ဆက်စကား ပြောပြားခဲ့ပါတယ်။ Ver-sur-Mer ဗဲဆုမဲဟ်ရွာအနီး ဒုတိယကမ္ဘာစစ် ဗြိတိသျှနော်မန်ဒီအထိမ်းအမှတ်ဗိမာန်မှာ ဒီ-ဒေး ကမ်းတက်တိုက်ပွဲ နှစ် ၈၀ ပြည့် အခမ်းအနား ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဇွန် ၆၊ ၂၀၂၄

ပြင်သစ်နိုင်ငံ နော်မန်ဒီဒေသမှာ ကျင်းပတဲ့ နှစ် ၈၀ မြောက် ဒီ-ဒေးနေ့ အခမ်းအနားမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတကတော် ဂျေးလ်ဘိုင်ဒန်တို့ ဒုတိယကမ္ဘာစစ် စစ်ပြန်တွေကို ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားခဲ့တာပါ။ ဇွန် ၆၊ ၂၀၂၄

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ရီရှီဆူနက် (ယာ-ဒု)၊ ဗြိတိန် ဘုရင် တတိယမြောက်ချားလ်ဘုရင်နဲ့ မိဖုရား ကမ်မီလာတို့ကို ပြင်သစ် အီမန်နျူရယ် မက်ကရွန် (ယာ-တ) ၊ သမ္မတကတော် ဘရစ်ဂျစ် မက်ကရွန်တို့နဲ့အတူ Ver-sur-Mer ဗဲဆုမဲဟ်ရွာအနီး ဒုတိယကမ္ဘာစစ် ဗြိတိသျှနော်မန်ဒီအထိမ်းအမှတ်ဗိမာန်မှာကျင်းပတဲ့ ဒီ-ဒေး ကမ်းတက်တိုက်ပွဲ နှစ် ၈၀ ပြည့် အခမ်းအနားမှာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဇွန် ၆၊ ၂၀၂၄

Ver-sur-Mer ဗဲဆုမဲဟ်ရွာအနီး ဒုတိယကမ္ဘာစစ် ဗြိတိသျှနော်မန်ဒီအထိမ်းအမှတ်ဗိမာန်မှာ ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ဗြိတိန်စစ်ပြန်စောင့်ရှောက်ရေးအဖွဲ့တို့ ဦးစီးပြီး ဒီ-ဒေး ကမ်းတက်တိုက်ပွဲ နှစ် ၈၀ ပြည့် အခမ်းအနားကျင်းပစဉ် ဗြိတိန် ဘုရင် တတိယမြောက်ချားလ်ဘုရင်နဲ့ မိဖုရား ကမ်မီလာတို့ကို ပြင်သစ် အီမန်နျူရယ် မက်ကရွန် (ယာ-တ) ၊ သမ္မတကတော် ဘရစ်ဂျစ် မက်ကရွန်တို့နဲ့အတူ လမ်းလျှောက်လာကြပုံ ဖြစ်ပါတယ်။